www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 2, 2015

လာမည့် ပညာသင်နှစ်တွင် အခမဲ့ အခြေခံပညာရေး အတွက် ငွေကျပ် သန်းပေါင်း နှစ်သောင်းကိုးထောင်ကျော် သုံးစွဲရန်လျာထား


ရန်ကုန် ၊ ၂-၁-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တွင် အခမဲ့ အခြေခံပညာရေး အတွက် ပညာရေး ဝန်ကြီးဌာနမှ ငွေကျပ် သန်းပေါင်း နှစ်သောင်း ကိုးထောင်ကျော် သုံးစွဲနိုင်ရန် လျာထားကြောင်း သိရသည်။ ယင်းတို့မှာ မူလတန်း ပညာရေး အတွက် ငွေကျပ် ၁၈၄၅၃ ဒသမ ၅၉၅ သန်း၊ အလယ်တန်း ပညာရေး အတွက် ၆၆၃၃ ဒသမ ၇ဝဝ သန်းနှင့် အထက်တန်း ပညာရေး အတွက် ၃၉၃၅ ဒသမ ၁၃ဝ သန်း တို့ ဖြစ်ကြောင်း သိရသည်။

ပညာရေး ဝန်ကြီးဌာန သည် ၂ဝ၁၁ - ၂ဝ၁၂ ပညာသင်နှစ် တွင် မသင်မနေရ အခမဲ့ မူလတန်း ပညာရေးစနစ်ကို ကျင့်သုံးပြီး မူလတန်း ကျောင်းသား ၅ ဒသမ၂ သန်းအတွက် ငွေကျပ် ၁၈၄၄ ဒသမ ဝ၂ဝ သန်း သုံးစွဲကာကျောင်းသုံး ပုံနှိပ်စာအုပ်ကို အခမဲ့ ထောက်ပံ့ ခဲ့သည်။ ၂ဝ၁၂- ၂ဝ၁၃ ပညာသင်နှစ်တွင် ကျောင်းသား ၅ ဒသမ ၄၇ သန်းအတွက် ငွေကျပ် ၇၄၅၇ သန်းကျော်ကို အသုံးပြုကာ ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ် တို့ကို အခမဲ့ ထုတ်ပေး ခဲ့သည်။

အလားတူ ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း ကျောင်းသား တစ်ဦးလျှင် ကျောင်းသုံး ပုံနှိပ်အခမဲ့ ၊ ဗလာစာအုပ် ခြောက်အုပ်နှင့် ငွေကျပ်တစ်ထောင် ဖြင့် ကျောင်းသား ၅ ဒသမ ၅၆ သန်း အတွက် ငွေကျပ် ၁၄ ဒသမ ၇ ဘီလီယံကျော် ထောက်ပံ့ပေး ခဲ့သည်။ ၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသား တစ်ဦးလျှင် ကျောင်းသုံး ပုံနှိပ်စာအုပ် အခမဲ့ ၊ ဗလာစာအုပ် ခြောက်အုပ် နှင့် ငွေကျပ် တစ်ထောင်နှုန်း ဖြင့် ကျောင်းသား ၅ ဒသမ ၆၂ သန်းကျော် အတွက် ငွေကျပ် ၁၇ ဒသမ ၃ဝ၅ ဘီလီယံကျော် ထောက်ပံ့ ပေးနိုင်ခဲ့ကြောင်း သိရသည်။

၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အခြေခံပညာ မူလတန်း ကျောင်းသား တစ်ဦးလျှင် ကျောင်းသုံး ပုံနှိပ်စာအုပ် အခမဲ့ ၊ ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းဝတ်စုံ တစ်စုံနှုန်း ထောက်ပံ့နိုင်ရန် ကျောင်းသား ၅ ဒသမ ၇ သန်းကျော် အတွက် ငွေကျပ် ၁၈ ဒသမ ၄၅၃ ဘီလီယံ ကျော် တင်ပြထားကြောင်း သိရသည်။ ထို့အတူ အလယ်တန်း ကျောင်းသားများ ကိုလည်း ၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ်မှ စ၍ တစ်ဦးလျှင် အားကစားကြေး၊ ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ စာကြည့်တိုက်ကြေး၊ စာရေး ကိရိယာများ အတွက် ပျမ်းမျှ ၁၅ဝဝ ကျပ်နှုန်းအား ကောက်ခံခြင်း မရှိတော့ဘဲ ကျောင်းသုံးပုံနှိပ် စာအုပ်အခမဲ့ ၊ ကျောင်းသား ၂ ဒသမ ၇ သန်းကျော် အတွက် ငွေကျပ် ၄၄၇၁ သန်းကျော် ထောက်ပံ့ပေး ခဲ့ပြီး ၂ဝ၁၅- ၂ဝ၁၆ ပညာသင် နှစ်တွင် အခြေခံပညာ အထက်တန်း ကျောင်းသားများ အတွက် ကျောင်းလခ၊ မိဘဆရာကြေး၊ စာကြည့်တိုက်ကြေး၊ အားကစားကြေး နှင့် စာရေးကိရိယာ များအတွက် တစ်ဦးလျှင် ပျမ်းမျှ ၁၉၅ဝ ကျပ်နှုန်းအား ကောက်ခံခြင်း မပြုဘဲ ကျောင်းသုံး ပုံနှိပ်အခမဲ့ ကျောင်းသား သုည ဒသမ ၈ သန်းကျော် အတွက် ငွေကျပ် ၃၉၃၅ သန်းကျော် ထောက်ပံ့နိုင်ရန် လျာထားကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger