www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 2, 2015

သီးနှံဈေးကွက် ပေါက်ဈေးနှုန်းများကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်မည်


ရန်ကုန် ၊ ၂-၁-၂ဝ၁၅

နိုင်ငံတစ်ဝန်းရှိ သီးနှံစိုက် တောင်သူများ အနေဖြင့် မိမိတို့ စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက် များနှင့် သစ်သီးဝလံ များကို ဈေးကွက် အတွင်းသို့ တင်ပို့ရောင်းချ သောအခါ ဈေးကွက် ပေါက်ဈေးနှုန်းများကို တိကျ မှန်ကန်စွာ သိရှိနိုင်ရန် ပို့ကုန်သွင်းကုန် ကုမ္ပဏီများ နှင့်ပူးပေါင်း၍ အွန်လိုင်းစနစ် တစ်ခု အကောင်အထည် ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တောင်သူများသည် ပြည်တွင်း ပြည်ပ ဈေးကွက်များရှိ သီးနှံပေါက်ဈေး အမှန်ကို သေချာစွာ မသိရသည့် အတွက် သီးနှံကြားပွဲစား များပြောသည့် ဈေးနှုန်းများ အပေါ်အခြေခံ ကာ အနည်းငယ်သာ အတိုး အလျှော့ ပြုလုပ်ပြီး ၄င်းတို့၏ ဟင်းသီးဟင်းရွက် များနှင့် သစ်သီးဝလံ များကို ရောင်းချ ရသောကြောင့် ဈေးအနှိမ်ခံ ရခြင်း၊ အမြတ်အစွန်း နည်းပါးခြင်းနှင့် အရှုံးပေါ်ခြင်း တို့ ကြုံတွေ့ နေရကြောင်း သိရသည်။

ထိုသို့ နစ်နာဆုံးရှုံးမှုများ ဆက်လက် မဖြစ်စေရန် စိုက်ပျိုးရေး ထွက်ကုန်များ၏ ဈေးကွက် ပေါက်ဈေးကို တောင်သူများ နေ့စဉ် သိရှိနိုင်ရေး မိုဘိုင်းလ်ဖုန်း များဖြင့် လွယ်ကူစွာ အသုံးပြုနိုင်မည့် အွန်လိုင်း စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အဆိုပါ အွန်လိုင်းစနစ်ကို အကောင် အထည်ဖော် နိုင်ရန် စိုက်ပျိုးရေး ထွက်ကုန် လက်ကား အဝယ်ဒိုင်ကြီး များနှင့် ပို့ကုန် သွင်းကုန် ကုမ္ပဏီကြီးများ ပူးပေါင်း၍ လအနည်းငယ် ခန့် အချိန်ယူ ဆောင်ရွက် ရမည် ဖြစ်သည်။

တောင်သူများ အနေဖြင့် သီးနှံများ၏ ပြည်တွင်း ပေါက်ဈေးများ သာမက ပြည်ပဈေးနှုန်း များကိုပါ သိရှိနိုင်ရန် စီစဉ် ပေးထားမည် ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်တွင်း၌ အွန်လိုင်း သီးနှံ ဈေးကွက်တစ်ခု ပေါ်ပေါက် လာရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger