www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 24, 2015

ရန်ကုန်မြို့၌ ရေပေးဝေမှုစနစ် အဆင့်မြှင့်တင် ခြင်းများကို ဖိလစ်ပိုင်ကုမ္ပဏီ တစ်ခုမှ ကူညီဆောင်ရွက်



ရန်ကုန် ၊ ၂၄-၁-၂၀၁၅

ရန်ကုန်မြို့နေ ပြည်သူများ ရာသီမရွေး သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာ ယခုအခါ စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ 
မြို့နယ်လေးခု ၌ ရေပေးဝေမှု စနစ် အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို ဖိလစ်ပိုင် နိုင်ငံမှ Manila Water ကုမ္ပဏီနှင့် ပူးပေါင်း၍ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ လူဦးရေ ထူထပ်သည့် မြို့နယ်များ ဖြစ်သော တောင်ဥက္ကလာပ၊ အင်းစိန်၊ မရမ်းကုန်းနှင့် ကမာရွတ် စသည့် မြို့နယ်လေးခု၌ ရေပေးဝေသည့် ပိုက်လိုင်းများ အသစ်လဲလှယ် တပ်ဆင်ခြင်း ၊ ပင်မ ရေပိုက်ကြီး များကို ပြုပြင် ထိန်းသိမ်းခြင်း အစရှိသော ရေပေးဝေမှု စနစ် အဆင့်မြှင့်တင် ခြင်းလုပ်ငန်း များကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရေနှင့်သန့်ရှင်းမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အရင်ဆုံး တောင်ဥက္ကလာပ၊ အင်းစိန်၊ မရမ်းကုန်းနဲ့ ကမာရွတ် အဲဒီ လေးမြို့နယ် မှာ စပြီး အကောင်အထည် ဖော်ဆောင် ရွက်မယ်။ ပေါက်နေတဲ့ ပိုက်တွေ၊ ပျက်စီးယိုယွင်း နေတဲ့ ပိုက်တွေကို လိုအပ်သလို ပြုပြင်ဖာထေး တာတို့၊ အသစ်လဲလှယ် တပ်ဆင်တာတို့ လုပ်ဆောင် သွားမယ်။ ရေပိုက်လိုင်း အသစ်တွေ ထပ်ဆွဲဖို့လည်း အစီအစဉ်တွေ ရှိတယ်။ အခု စလုပ်တာ မြို့နယ် လေးခုပဲ ဆိုပေမယ့် နောက်ထပ် မြို့နယ်တွေမှာလည်း တိုးချဲ့ လုပ်ဆောင်ဖို့ စီစဉ် ထားတယ် '' ဟု ၄င်းက ဆက်လက် ပြောသည်။

အဆိုပါ စီမံကိန်းအတွက် ကုန်ကျစရိတ် အားလုံးနီးပါး နှင့် လိုအပ်သော ပစ္စည်းများ ထောက်ပံ့ခြင်းကို Manila Water ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး ဝန်ထမ်း လိုအပ်ချက်ကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger