www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 19, 2015

ဆူးလေဆိပ်ကမ်းကို ကုန်သေတ္တာနှင့် အထွေထွေ ကုန်စည် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် အဆငြ့်မှင့် တည်ဆောက်မည်



ရန်ကုန် ၊ ၁၉-၁-၂ဝ၁၅

ဆူးလေဆိပ်ကမ်း အမှတ် (၁၊ ၂၊ ၃၊ ၄) ကို ကုန်သေတ္တာနှင့် အထွေထွေ ကုန်စည် အပြည်ပြည် ဆိုင်ရာဆိပ်ကမ်း အဖြစ် အဆင့်မြှင့် ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်း လုပ်ကိုင်ရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် Sein Kaung Yadanar ကုမ္ပဏီတို့ ပူးပေါင်းကာ Myanmar Sule terminal Limited တည်ထောင်၍ ဆိပ်ကမ်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လမ်းမတော် ဆိပ်ကမ်းနယ်မြေ၊ ဆူးလေ ဆိပ်ကမ်းနယ်မြေ၊ ပန်းဆိုးတန်း ဆိပ်ကမ်းနယ်မြေ နှင့် ဗိုလ်တထောင် ဆိပ်ကမ်းနယ်မြေ ဟူ၍ နယ်မြေလေးခု ရှိသည့်အနက် ယခု ဆောင်ရွက်မည့် စီမံကိန်းသည် ဆူးလေဆိပ်ကမ်း နယ်မြေ၌ တည်ရှိပြီး ဆူးလေဆိပ်ခံ တံတား အမှတ်(၁၊၂၊၃) ကို ၁၉၄၁ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဆိပ်ခံတံတား အမှတ်(၄) ကို ၁၉၃၂ ခုနှစ်က တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။

ယင်း ဆိပ်ကမ်းသည် ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ် အတွင်း သွင်းကုန် ၁၇၅၈၈၁၁ မက်ထရစ်တန် နှင့် ပို့ကုန် ၃၉၃၁၉၄ မက်ထရစ်တန် ကုန်ချိန် ကိုင်တွယ်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၉၁၄ဝ၅၁၈၃၇ ဒေါ်လာနှင့် မြန်မာငွေ ၃ဝ၈၅၄၃ဝ၇ဝ ကျပ် ရရှိခဲ့သည်။ ထို့အတူ ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလ အထိ သွင်းကုန် ၁၁၂၈ဝ၃၅ မက်ထရစ်တန် နှင့် ပို့ကုန် ၂၄၄၉၁ မက်ထရစ်တန် ကိုင်တွယ် နိုင်ခဲ့မှုကြောင့် ယင်းကာလ အတွင်း အမေရိကန် ဒေါ်လာ ၄၄၂၈၄၃၂ ဒေါ်လာနှင့် မြန်မာ ငွေကျပ် ၁ဝ၁၆၇ဝ၄၂၁ ရရှိခဲ့ကြောင်း သိရသည်။ 

ယခု ဆောင်ရွက်မည့် စီမံကိန်း၏ ရင်းနှီး မြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၃ဝ ဒသမ ၃၁ သန်းဖြစ်ပြီး လက်ရှိ ဆိပ်ခံတံတား၊ ဂိုဒေါင်နှင့် အဆောက်အအုံ တို့ကို တန်ဖိုး သတ်မှတ်၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အမေရိကန် ဒေါ်လာသန်း ၆ဝ ထည့်ဝင်ကာ Sein Kaung Yadanar ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၇ဝ ဒသမ ၃၁ သန်း ထည့်ဝင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း စီမံကိန်းကို တည်ဆောက်ရေး ကာလ ပြီးစီးပြီးနောက် ဖြစ်ပေါ်လာမည့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှု (EIA) ဆန်းစစ်ချက်ကို Green Environmental Health, Safety & Social Consultancy Co., Ltd. မှ လေ့လာတိုင်းတာ ဆောင်ရွက် နေကြောင်း သိရသည်။ 

ဆူးလေ ဆိပ်ခံတံတား အမှတ် (၁၊ ၂၊ ၃၊ ၄) တို့ကို ကုန်သေတ္တာ နှင့် အထွေထွေ ကုန်စည် အပြည်ပြည် ဆိုင်ရာဆိပ်ကမ်း အဖြစ် အဆင့်မြှင့်တင် ပြုပြင်ခြင်းဖြင့် နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းတစ်ခု ပေါ်ပေါက် လာမည့်အပြင် တိုးတက်များပြား လာသော ပင်လယ်ရေကြောင်း ကုန်သွယ်မှု လုပ်ငန်းများကို နိုင်နင်းစွာ ကိုင်တွယ် နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger