www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 8, 2015

ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ အမြန်ဆုံးရပ်ဆိုင်းရန် နှင့် အဖမ်းဆီးခံ လူငယ်များ အမြန်ဆုံး လွှတ်ပေးရန် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့နှင့် ဒေသခံ ရှမ်းတိုင်းရင်းသား ပြည်သူများ တစ်ခဲနက် တောင်းဆို


ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ အမြန်ဆုံးရပ်ဆိုင်းရန် နှင့် အဖမ်းဆီးခံ လူငယ်များ အမြန်ဆုံး လွှတ်ပေးရန် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့နှင့် ဒေသခံ ရှမ်းတိုင်းရင်းသား ပြည်သူများ တစ်ခဲနက် တောင်းဆို

မြစ်ကြီးနား ၊ ၈-၁-၂၀၁၅

ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့၏ ဥပဒေမဲ့ အတင်းဖမ်းဆီး သတ်ဖြတ်ခြင်း၊ လက်နက်ရိက္ခာ လူအင်အား ရရှိရေးအတွက် လက်နက်ပြ ခြိမ်းခြောက် တောင်းခံခြင်းကို နှစ်ပေါင်း ၅ဝ ကျော် ခံစားခဲ့ရသည့် ကချင်ပြည်နယ် အတွင်းရှိ ဒေသခံ ရှမ်းတိုင်းရင်းသား ပြည်သူများက ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက် နေမှုများ အမြန်ဆုံး ရပ်ဆိုင်း ပေးရန်နှင့် အဖမ်းဆီးခံ လူငယ်များ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆို ခဲ့ကြကြောင်း သိရသည်။

ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့သည် လူနေ စည်ပင်ဖွံ့ဖြိုးစ မြို့နယ်နှင့် ကျေးရွာများကို ပျက်စီးအောင် ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူများ မနေနိုင်အောင် ခြိမ်းခြောက် မောင်းထုတ်ခြင်း၊ အစုလိုက် အပြုံလိုက် ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ အများပြည်သူ ဆက်သွယ် သွားလာမှု ခက်ခဲအောင် လမ်းတံတား ၁၂၇ ခုကို ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူ များကို စစ်ဘေး ဒုက္ခသည် အဖြစ် ဖန်တီး ခေါ်ဆောင်၍ ဒုက္ခသည် စခန်းများ၌ ခြိမ်းခြောက် စုစည်းနေထိုင် စေခြင်း၊ ပြည်တွင်း ပြည်ပမှ လူမှု အဖွဲ့အစည်းများ၊ နိုင်ငံခြား သံရုံးများနှင့် ကမ္ဘာ့ ကုလသမဂ္ဂ ဆိုင်ရာ လူ့အခွင့်အရေး ဆိုင်ရာ ပုဂ္ဂိုလ်များ၊ တာဝန်ရှိ သူများထံ လိမ်ညာ တင်ပြပြီး အထောက် အပံ့များ တောင်းခံခြင်း၊ ကောင်းရောင်း ကောင်းဝယ် အလုပ်အကိုင် မှန်သမျှ အခွန်ဟု ခေါင်းစဉ်တပ်ကာ ဆက်ကြေး ကောက်ခံခြင်း၊ ကျေးရွာ လူနေအိမ် အနည်းအများ အလိုက် ခွဲ တမ်းချကာ ဆန်ရိက္ခာ တောင်းယူခြင်း၊ မိန်းကလေး များကို ဖမ်းဆီး၍ အဓမ္မ ပြုကျင့်ခြင်း၊ အိမ်ထောင်ချ ပေးခြင်း၊ လက်နက် ပျောက်ဆုံးခြင်း နှင့် သိမ်းဆည်းခြင်း ခံရပါက လက်နက်ဖိုး ကျပ်သိန်း ၂ဝ ကို ရွာသူရွာသား များက ပေးလျော် စေခြင်း၊ စစ်ရှောင် စခန်းများမှ မိမိရပ်ရွာသို့ ပြန်လည် နေထိုင်လို သူများကို လျော်ကြေးအဖြစ် တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲစီ ပေးဆောင်ရခြင်း၊ မူးယစ်ဆေးဝါး ကာကွယ် တားဆီး နေကြောင်း ကြွေးကြော်ပြီး ကေအိုင်အေ ထိန်းချုပ်နယ်မြေ များတွင် ဘိန်းစိုက်ခင်းများ ဆောင်ရွက် နေကြောင်း နှင့် ကချင်ပြည်နယ်တွင် ၂ဝ၁၄ သန်းခေါင်စာရင်း အရ ကချင်မျိုးနွယ်စု ၆ မျိုးမှ လူဦးရေ ၅ သိန်းကျော်သာ နေထိုင်ပြီး ကျန် တိုင်းရင်းသား မျိုးနွယ်စု များမှာ ၈ သိန်းခန့် နေထိုင်သည့် အတွက် ဘာသာရေး အရ၊ လူမျိုးရေး အရ၊ ကေအိုင်အေ က ကချင်ပြည်နယ်ကို ကိုယ်စားမပြု ပါကြောင်း ပြည်သူ့ဆန္ဒဖြင့် သက်သေပြလို ပါကြောင်း တင်ပြခဲ့ ကြကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger