www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 8, 2015

ပြင်သစ်ဂျာနယ်တိုက်ကို သေနတ်သမားများ ပစ်ခတ်မှုကြောင့် လူ ၁၂ ဦးသေဆုံး


12 dead in terrorist attack on Paris weekly; gunmen escape

ပါရီ ၊ ၈-၁-၂၀၁၅

ယမန်နေ့တွင် ပြင်သစ်နိုင်ငံရှိ Charlie Hebdo အပတ်စဉ်ထုတ် သရော်စာပေ ဂျာနယ်တိုက်ကို သေနတ်သမားများက အတင်းဝင်ရောက် ပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပါရီ မြို့လယ်ကောင်ရှိ ဂျာနယ်တိုက် အတွင်းသို့ ကလစ်ရှ်နိုကော့ဗ် လက်နက်နှင့် ရော့ကက် လောင်ချာ လက်နက်ကိုယ်စီ ကိုင်ဆောင် ထားသော အကြမ်းဖက် သမား နှစ်ဦးက အတင်းဝင်ရောက် ပစ်ခတ်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ၄င်းတို့ စီးလာသည့် ကားမှာလည်း လုယက်လာသော ကားဖြစ်နိုင်ကြောင်း၊ ဂျာနယ်တိုက်မှ ပြန်အထွက်တွင် အရှိန်ပြင်းစွာ မောင်းနှင် ထွက်ခွာခဲ့ရာ လမ်းသွား လမ်းလာ တစ်ဦးကိုလည်း တိုက်မိခဲ့ကြောင်း သိရသည်။

သေနတ်သမား များသည် ဂျာနယ်တိုက်၏ သတင်းစာ ဆရာများ အားလုံး စုဝေးရောက်ရှိ နေချိန်ဖြစ်သည့် အပတ်စဉ် အယ်ဒီတာ အစည်းအဝေး ကျင်းပနေချိန် ကို ရွေးချယ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သောကြောင့် သတင်းသမား ၁ဝ ဦးနှင့် ရဲအရာရှိ နှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ပြီး သေနတ် သမားများက တမန်တော် အတွက် လက်စားချေခြင်း ဖြစ်သည်ဟု အော်ဟစ်ပစ်ခတ် ခဲ့ကြကြောင်း မျက်မြင်သက်သေ များက ဆိုသည်။

ပြင်သစ်သမ္မတ Francois Hollande က ယင်း တိုက်ခိုက်မှု သည် အလွန်ရက်စက် ကြမ်းကြုတ်သော အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး လွန်ခဲ့သော ရက်သတ္တပတ်များ အတွင်းကလည်း အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှု အတော် များများကို ဟန့်တား နိုင်ခဲ့ကြောင်း၊ မိမိတို့သည် စည်းလုံး ညီညွတ်သော နိုင်ငံဖြစ်သည်ကို ပြသရမည် ဖြစ်ကြောင်း ၊ ခြိမ်းခြောက် မှုများကို တွန်းလှန် တိုက်ခိုက်ပြီး တိုက်ခိုက် လာသူများကို ဒဏ်ခတ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ သေနတ်သမား နှစ်ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။ အခင်း ဖြစ်ပွားပြီးနောက် ပြင်သစ် တစ်နိုင်ငံလုံးတွင် လုံခြုံရေးကို အမြင့်ဆုံး တပ်လှန့် ထားကြောင်း သိရသည်။

Terrorists Stage Deadly Attack on Newspaper Office in Paris





#PyiChitThar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger