www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 2, 2015

ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ထုတ်ပြန်ကြေညာ


ရန်ကုန် ။ ၂-၁-၂၀၁၅

တရုတ်နိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံများတွင် ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွား နေသဖြင့် မြန်မာနိုင်ငံသို့ မကူးစက် နိုင်ရန် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများ ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ကြက်ငှက်တုပ်ကွေး ရောဂါ မကူးစက်နိုင်ရန် မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာနမှ ကြက်မွေးသူများ လိုက်နာ ဆောင်ရွက်ရန် အချက် ခုနစ်ချက်ကို ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကြက်ငှက်တုပ်ကွေး ရောဂါပိုး ကူးစက်ပျံ့နှံ့ နေသော နိုင်ငံ ၁၈ နိုင်ငံမှ ကြက် နှင့် ကြက်သားထွက် ပစ္စည်းများ မြန်မာနိုင်ငံ အတွင်းသို့ တရားဝင် တင်သွင်းခြင်း ကို ရပ်ဆိုင်း ထားသင့်ပြီး တရားမဝင် တင်သွင်းခြင်း ကိုလည်း သတိပြု သင့်ကြောင်း သိရသည်။

ထုတ်ပြန်ထားသော အချက်များမှာ ဆောင်းခိုငှက်များ နှင့် အိမ်မွေးကြက်၊ ငှက်၊ ဘဲ၊ ငုံး များ ဆက်စပ်ထိတွေ့မှု မရှိရန် ဂရုပြု ဆောင်ရွက်ကြပြီး ကြက်ငှက် မွေးမြူရေးခြံ များ၏ ဇီဝ လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ကြရန်၊ေ မွးမြူရေးခြံ များနှင့် အရှင်ဈေးများ ၌ ပိုးသတ် သန့်စင်ခြင်း၊ ခြံ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် မွေးမြူရေးခြံသုံး ပိုးသတ်ဆေး ဖျန်းခြင်း ပုံမှန်ပြုလုပ်ရန်၊ ကြက်ခြံ အတွင်းသို့ ဝင်ခြင်းနှင့် ကြက်၊ ငှက်များကို ကိုင်တွယ်ပါက နှာခေါင်းစည်း နှင့် လက်အိတ် အသုံးပြုပြီး လက်ကို ဆပ်ပြာဖြင့် ဆေးကာ တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ရန် နှိုးဆော် ထားကြောင်း သိရသည်။ 

ယင်းအပြင် ကြက်ငှက်များ ရုတ်တရက် သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေး နှင့် ကုသရေးဦးစီး ဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် သို့ ချက်ချင်း သတင်းပို့ကာ ရောဂါကြိုတင် ကာကွယ်ရေး နှင့် ရောဂါ စူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ကြရန် နှိုးဆော် ထားကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger