www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 14, 2015

ဆောင်းခိုငှက်များကို ဥပဒေပြဋ္ဌာန်းကာ အကာအကွယ် ပေးထားသော်လည်း ငှက်မုဆိုးများက ဖမ်းဆီးသတ်ဖြတ်၍ ရောင်းချမှုများ ရှိနေ



မန္တလေး ၊ ၁၄-၁-၂၀၁၅

မြန်မာနိုင်ငံ အတွင်း၌ ဆောင်းရွာသီတွင် လာရောက် နားခိုသည့် ငှက်မျိုးစိတ်ပေါင်း ၁၀၆ မျိုးကို လက်ရှိ အချိန်ထိ အကာအကွယ်များ ပေးထား သော်လည်း အဆိုပါ ငှက်များ လာရောက် နားခိုလေ့ ရှိသည့် နေရာများတွင် ငှက်မုဆိုး များက ဖမ်းဆီး သတ်ဖြတ်ကာ စီးပွားရေး လုပ်ငန်း လုပ်ကိုင်မှုများ ရှိနေကြောင်း မန္တလေး အခြေစိုက် ငှက်စောင့်ကြည့် လေ့လာသူ များထံမှ သိရသည်။

ထိုကဲ့သို့ လာရောက် နားခိုသည့် ငှက်မျိုးစိတ် များထဲတွင် ရှားပါး ငှက်မျိုးစိတ် များလည်း ပါဝင် နေကြောင်း ၊ အဆိုပါ ငှက်များကို ဖမ်းဆီး သိတ်ဖြတ် နေပါက ငှက်မျိုးစိတ်များ တဖြည်းဖြည်း ကွယ်ပျောက် သွားနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ပလိပ်အင်း သို့ ဆောင်းခိုငှက် အမျိုးပေါင်း ၂၀ ကျော်အပြင် ရှားပါးမျိုးစိတ် ဖြစ်နေသည့် ဘဲရိုင်း ၊ ငန်းမျိုးနွယ်ဝင် ငှက် အမျိုးအစားပေါင်း ၁၀ မျိုးကျော် ကျက်စားလျက် ရှိကြောင်း ၊ အဆိုပါ နေရာတွင် ဆောင်းခိုငှက် များကို ဖမ်းဆီးရန် သုံးသည့် ဆိုဒီယမ် ဆိုင်ယာနိုက် အဆိပ်ကြောင့် ပြီးခဲ့သည့် ရက်ပိုင်းက ရေကြက်ဒုံး များ သေခံရကြောင်း သိရသည်။ ဆောင်းခိုငှက် များအနေဖြင့် မန္တလေး အနီးတ၀ိုက်တွင် ဧရာဝတီမြစ် ၊ ပလိပ်အင်း ၊ တောင်သမန်အင်း စသည့် နေရာများတွင် ကျင်းစား နေကြပြီး ငှက်များကို အဆိပ်ဖြင့် နေရာဒေသ အနှံ့ ဖမ်းဆီးနေမှု များကို မတားဆီး နိုင်ပါက ရှားပါ ဆောင်းခိုငှက် များအပါအ၀င် ဒေသတွင်း ငှက်မျိုးစိတ် များနှင့် ရှားပါး ငှက်မျိုးစိတ် များမှာ တဖြည်းဖြည်း မျိုးသုဉ်းမည့် အန္တရာယ် အပြင် ဂေဟစနစ် များကိုပါ ထိခိုက် စေနိုင်ကြောင်း ငှက်လေ့လာ စောင့်ကြည့်သူ များက သုံးသပ် ပြောပြသည်။

ထိုကဲ့သို့ ဆောင်းရာသီ အတွင်း လာရောက် နားခိုသည့် ငှက်များ အပါအဝင် ငှက်မျိုးစိတ် များကို ထိန်းသိမ်း နိုင်ရန်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန အနေဖြင့် ၁၉၉၄ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် ထုတ်ပြန် ခဲ့သည့် တောရိုင်း တိရ စ္ဆာန် နှင့် သဘာဝ အပင်များ ကာကွယ်ရေး နှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပြဋ္ဌာန်းချက် များနှင့်အညီ လုံးဝ ကာကွယ် ပေးထားသော တောရိုင်း တိရစ္ဆာန်များ ၊ သာမန် ကာကွယ် ထားသော တိရစ္ဆာန်များ နှင့် ရာသီအလိုက် ကာကွယ်ရမည့် တောရိုင်း တိရစ္ဆာန်များ စသည်ဖြင့် သုံးမျိုး ခွဲခြားကာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်လျက် ရှိကြောင်း သိရသည်။ (၃၃၅)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger