www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 5, 2015

ဆေးယဉ်ပါးတီဘီရောဂါ ထိန်းချုပ်ရန် ကျန်းမာရေး ၀န်ကြီးဌာန နှင့် နယ်စည်းမထား ဆရာဝန်များ အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်မည်



ရန်ကုန် ၊ ၅-၁-၂၀၁၅

မြန်မာနိုင်ငံ၌ ဆေးယဉ်ပါး တီဘီရောဂါ ဝေဒနာရှင် အရေအတွက် များပြားလာမှု နှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာနနှင့် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ ဟော်လန် (MSF-H) တို့ အတူတကွ ပူးပေါင်း ဖြေရှင်း ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း MSF-H မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နယ်စည်းမထား ဆရာဝန်များ အဖွဲ့ ၊ ဟော်လန် MSF-H သည် ၁၉၉၂ ခုနှစ်မှ  စတင်၍ ယခုအချိန် အထိ ရန်ကုန်တိုင်း ဒေသကြီး၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် စသည့် ဒေသတို့တွင် ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု များကို ဆောင်ရွက် ပေးလျက်ရှိပြီး လက်ရှိတွင် တီဘီရောဂါ ဝေဒနာရှင် သုံးထောင်ကျော် အတွက် ဆေးကုသမှု ပေးလျက် ရှိသည့်အပြင် ကိုယ်ခံအား ကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရသူ သုံးသောင်းကျော် အတွက် ကျန်းမာရေး ဝန်ဆောင်မှုများ ကူညီ ဆောင်ရွက် ပေးနေကြောင်း သိရသည်။

MSF-H အနေဖြင့် မြန်မာနိုင်ငံ၌ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းတွင် ပါဝင်ကူညီ ဆောင်ရွက်ရာ၌ တီဘီရောဂါ၊ ဆေးယဉ်ပါး တီဘီရောဂါ စသည်တို့ အပြင် ကိုယ်ခံအား ကျဆင်းမှု ရောဂါနှင့် ငှက်ဖျားရောဂါ ဝေဒနာ ခံစားနေရ သူများကိုလည်း ကျန်းမာရေး ကူညီ စောင့်ရှောက် မှုများ ဆောင်ရွက် ပေးလျက် ရှိသည်။ ယခုတစ်ကြိမ် မြန်မာနိုင်ငံ၌ စီမံကိန်း အသစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရာ တွင် ပြည်နယ် သုံးခုနှင့် တိုင်းဒေသကြီး တစ်ခုမှ ဒေသခံပြည်သူများ အတွက် တီဘီရောဂါ နှင့် ကိုယ်ခံအား ကျဆင်းမှု ရောဂါကို ဦးစားပေး ကုသသွားရန် ရည်ရွယ်ထားပြီး အခြားသော အရေးပေါ် ကပ်ရောဂါများ ဖြစ်ပွား လာပါက ပြည်တွင်းရှိ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်း လုပ်ဆောင် စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

MSF-H အဖွဲ့သည် ၄င်း၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် နိုင်ငံသားများ အတွက် ကျန်းမာရေး ဝန်ဆောင်မှုများ ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်ရန် ကျန်းမာရေး အသုံးစရိတ် အား နှစ်စဉ်တိုးမြှင့် ပံ့ပိုးပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger