www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 16, 2014

Hypobaric Chamber ၏အသုံးဝင်မှုမှာ ငွေကြေးနှင့် တိုင်းတာ၍မရဘဲ လေသူရဲများအတွက် မရှိမဖြစ်လိုအပ်သော စက်ပစ္စည်းတစ်ခုဖြစ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Hypobaric Chamber အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်

နေပြည်တော် ၊ ၁၆-၁၂-၂၀၁၄

Hypobaric Chamber တပ်ဆင် အသုံးပြု နိုင်မှုသည် တပ်မတော်(လေ) အတွက် တန်ဖိုး မဖြတ်နိုင်သော မှတ်တမ်းတစ်ခု ဖြစ်ပါကြောင်း၊ Hypobaric Chamber ၏ အသုံးဝင်မှုမှာ ငွေကြေးနှင့် တိုင်းတာ၍ မရဘဲ လေသူရဲများ အတွက် မရှိမဖြစ် လိုအပ်သော စက်ပစ္စည်း တစ်ခုလည်း ဖြစ်ကြောင်း၊ Standard Army တည်ဆောက်ရာတွင် တပ်မတော် အနေဖြင့် စွမ်းရည်ရှိသော  တပ်မတော်သားများ လိုအပ်သကဲ့သို့ စစ်လက်နက် ပစ္စည်း များသည်လည်း ခေတ်မီ၍ အသုံးတည့်ရန်လို ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ နံနက်ပိုင်းတွင် Aeromedical Centre ရှိ Hypobaric Chamber ဖွင့်ပွဲ အခမ်းအနား၌ အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

(၆၇)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အခမ်းအနား အထိမ်းအမှတ် Aeromedical Centre ရှိ Hypobaric Chamber ဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ် လေကြောင်း အတတ်သင် လေတပ်စခန်း၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးသည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်၊ လေတပ်စခန်း ဌာနချုပ် အသီးသီးမှ ဌာနချုပ်မှူးများ၊ မိတ္ထီလာ တပ်နယ်မှ တပ်နယ်မှူး နှင့် တပ်ရင်း၊ တပ်ဖွဲ့မှူးများ တက်ရောက် ကြသည်။

ရှေးဦးစွာ အခမ်းအနားမှူးကံHypobaric Chamber သမိုင်းကြောင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က Hypobaric Chamber အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။

ထို့နောက် လေကြောင်း ဆေးပညာဌာန ဆေးမှူးက Hypobaric Chamber အား လေသူရဲများနှင့် လက်တွေ့ အသုံးပြုပုံကို သရုပ်ပြ ရှင်းလင်း တင်ပြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တက်ရောက် လာကြသူများနှင့် လေတပ်စခန်း ဌာနချုပ်ရှိ အရာရှိများအား အမှာစကား ပြောကြားရာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်း ပေးလျက်ရှိကြောင်း၊ ဖြည့်ဆည်း တပ်ဆင် ပေးထားသော လေယာဉ်နှင့် စက်ပစ္စည်းများကို ထိထိ ရောက်ရောက် ဖြင့် အကျိုးရှိစွာ စွမ်းအားပြည့် အသုံးချရန် လိုကြောင်း၊ တပ်မတော်လေ နှင့် ဆေးဝန်ထမ်း တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး တို့ ပူးပေါင်း၍ လေသူရဲများ ဆေးစစ်ခြင်း၊ သင်တန်းပေးခြင်း တို့ကို တပ်ဆင် ပေးထားသည့် စက်ပစ္စည်း ကိရိယာများဖြင့် သတ်မှတ်စံနှုန်း များနှင့်အညီ အကျိုးရှိစွာ အသုံးချရန် လိုကြောင်း၊ လေသူရဲ၊ လေယာဉ်သားများ အနေဖြင့် အချိန်မရွေး၊ နေရာဒေသ မရွေး ပျံသန်းရေး တာဝန် ထမ်းဆောင်နိုင်ရန် အတွက် ဆေးဘက်ဆိုင်ရာ မှ လိုအပ်သော ကျန်းမာရေး စစ်ဆေး စောင့်ရှောက်မှုများ အပြည့်အဝ ဆောင်ရွက်သွား  ရန်လိုကြောင်းဖြင့် ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေကြောင်း ဆေးပညာဌာန ဆေးမှူးက Hypobaric Chamber အသုံးပြုပုံ သရုပ်ပြ ရှင်းလင်း တင်ပြစဉ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Hypobaric Chamber အတွင်း လေသူရဲများ နှင့် လက်တွေ့ အသုံးပြုပုံ သရုပ်ပြနေမှုကို ကြည့်ရှုစဉ်

Hypobaric Chamber သည် လေကြောင်း ဆေးပညာဆိုင်ရာ ပျံသန်းရေး အထောက်အကူပြု စက်ပစ္စည်းများ အနက် များစွာ အသုံးဝင်ပြီး လေကြောင်း အတတ်ပညာ၊ လေကြောင်း အင်ဂျင်နီယာပညာ၊ ကွန်ပျူတာ နည်းပညာ 

နှင့် လေကြောင်း ဆေးပညာတို့ ပေါင်းစပ်တီထွင် ထားကာ လေယာဉ်ပျံသန်း ရာတွင် အန္တရာယ် ကင်းရှင်းပြီး စွမ်းရည် မြင့်မားစေရေး အတွက် များစွာ အထောက်အကူ ပြုသည်။ လေသူရဲများနှင့် လေယာဉ် ပေါ်လိုက်ပါမည့် လေယာဉ်သား များကို လေယာဉ်အမျိုးအစား အလိုက် တွေ့ကြုံ နိုင်သော ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများကို ဖော်ထုတ်ရှင်းလင်း သင်ကြားပြသ ပေးနိုင်သည့် စက်ပစ္စည်းဖြစ်သည်။

လေယာဉ်မောင်းနှင် ပျံသန်းရာတွင် ကြုံတွေ့ရသော အောက်ဆီဂျင် နည်းပါး ငတ်မွတ်မှု ပြဿနာ ( Hypoxia ) ၊ လေထု ဖောင်းပွမှုကြောင့် ခံစားရသော ပြဿနာများ ( Gas Expansion ) ၊ ခန္ဓာကိုယ် အတွင်းမှ နိုက်ထရိုဂျင် ဓာတ်ငွေ့များ ပြန့်ကား ထွက်လာခြင်းကြောင့် ခံစားရမှု ပြဿနာများ ( Decompression Sickness ) နှင့် လေယာဉ်များ အတွင်းတွင် လေထုဖိအား ရုတ်ခြည်း လျော့နည်းကျဆင်းခြင်း (Rapid Decompression )
တို့ကို လက်တွေ့သင်ကြားပေး နိုင်ပြီး တစ်ကြိမ်ပျံသန်း လေ့ကျင့်လျှင် သင်တန်းသား ၈ဦး၊ Inside Observer ၂ ဦး၊ စုစုပေါင်း ၁ဝ ဦး ပါဝင် ဆောင်ရွက် နိုင်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger