www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 19, 2014

ပြည်တွင်းမှ တင်ပို့သည့်ဆန်များကို စစ်ဆေးမည့် တရုတ်စစ်ဆေးရေးအဖွဲ့ ( CCIC ) ရန်ကုန်၌ ရုံးခန်းဖွင့်လှစ်မည်


ရန်ကုန် ၊ ၁၉-၂-၂၀၁၄

တရုတ်နိုင်ငံသို့ ပြည်တွင်းမှ တင်ပို့လျက် ရှိသည့် ဆန်များကို စစ်ဆေးမည့် တရုတ် စစ်ဆေးရေး အဖွဲ့ (CCIC) ၏ ရုံးခန်းကို ရန်ကုန်၌ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် မှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

''တရုတ်ကို တင်ပို့တဲ့ ဆန်တွေ အားလုံးကို CCIC က စစ်ဆေးပြီးမှသာ မှတ်ပုံတင် လက်မှတ် ထုတ်ပေးတယ်။ အခြားအဖွဲ့ တွေရဲ့လက်မှတ်နဲ့ ဆောင်ရွက်လို့ မရတဲ့အတွက် မြန်မာနိုင်ငံမှာ CCIC ရုံးခန်း လာဖွင့်ဖို့ ဆောင်ရွက် နေပါတယ်။ အသင်းချုပ် အနေနဲ့ လတ်တလောမှာ ဆန်စပါးဝယ်ယူ သူတွေနဲ့ MoU ရေးထိုးဖို့ ဒီရုံးခန်း ဖွင့်လှစ်ရေးကို ဦးစားပေး ဆောင်ရွက် နေပါတယ် '' ဟု ၄င်းက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့နိုင်ရန် စက်တင်ဘာ လကုန်ပိုင်းက ရေးထိုးခဲ့သော သဘောတူ စာချုပ်အရ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တို့တွင် ဆန်တန်ချိန် နှစ်သိန်း တင်ပို့နိုင်ရန် ပြင်ဆင် ဆောင်ရွက် နေကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တွင်လည်း တရုတ်နိုင်ငံ ဈေးကွက်သို့ ဆန်တန်ချိန် တစ်သိန်း တင်ပို့နိုင်ရန် ညှိနှိုင်းမှုကို တရုတ် နိုင်ငံဘက်မှ အဆိုပြု ထားကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက် နေချိန်တွင် ကွမ်ရှီးပြည်နယ် မှ တင်သွင်းသူနှင့် ဆန်တန်ချိန် နှစ်သိန်းအတွက် လက်မှတ် ရေးထိုးရန် လည်းကောင်း၊ ယူနန်ပြည်နယ်မှ တင်သွင်းသူ နှင့် ဆန်တန်ချိန် နှစ်သိန်းအား MoU ရေးထိုးရန် အတွက် လည်းကောင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို အဓိက ဝယ်ယူသည့် နိုင်ငံတစ်ခု ဖြစ်ပြီး နှစ်ရှည် ကုန်သွယ်မှု ပြုလုပ်လာသည့် နိုင်ငံလည်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများက အဓိက ဝယ်ယူနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်မှ သိရသည်။

မင်းသော်တာလွင်

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger