The China freight train from Yiwu arrives in Madrid.
မက်ဒရစ် ၊ ၁၁-၁၂-၂၀၁၄
ကုန်တွဲရထား တစ်စင်းသည် တရုတ်နိုင်ငံ ယီဝူမြို့မှ နိုဝင်ဘာ ၁၈ ရက်တွင် ထွက်ခွာ လာခဲ့ရာ ၄င်း၏ နောက်ဆုံးခရီးစဉ် ဖြစ်သော စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ဒီဇင်ဘာ ၉ ရက် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် အောင်မြင်စွာ ရောက်ရှိ လာသည့်အတွက် ကမ္ဘာ့ အရှည်ဆုံး မီးရထား ခရီးစဉ် အဖြစ် သမိုင်းတွင် ပထမအကြိမ် စံချိန် တင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ယီဝူမြို့မှ စပိန်နိုင်ငံ မက်ဒရစ်မြို့ ကြား ၁၃ဝ၅၂ ကီလိုမီတာရှိ ခရီး အကွာအဝေးကို အောင်မြင်စွာ ခုတ်မောင်း နိုင်ခဲ့သည့် အဆိုပါ ကုန်တွဲရထား တွင် ကုန် အလေးချိန် တန် ၁၄ဝဝ တင်ဆောင် လာသော ကုန်တွဲ ၄ဝ ချိတ်ဆက် ထားကြောင်း၊ ၄င်း ကုန်တွဲများတွင် စာရေး ကိရိယာများ၊ လက်မှု ပစ္စည်းများနှင့် ခရစ္စမတ် အသုံးအဆောင် ပစ္စည်းများကို တင်ဆောင် လာကြောင်း သိရသည်။ အဆိုပါ ပစ္စည်းများကို မက်ဒရစ်မြို့တွင် ရောင်းချသွားမည် ဖြစ်ပြီး သံလွင်ဆီ နှင့် ဝိုင်ကဲ့သို့သော စပိန်နိုင်ငံထုတ် ပစ္စည်းများကို တင်ဆောင်ကာ တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်ဟု သိရသည်။
ယင်းကဲ့သို့ သမိုင်းတွင် ပထမအကြိမ် စံချိန်တင် ခဲ့သည့် ခရီးစဉ်၏ ရလဒ်သည် တရုတ်နှင့် စပိန် နှစ်နိုင်ငံကြား ခုတ်မောင်း သွားလာနိုင်သော ပုံမှန်မီးရထား ပြေးဆွဲမှု ခရီးစဉ်တစ်ခု ဖွင့်လှစ်မည့် ရည်ရွယ်ချက် ကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး အဆိုပါ ခုတ်မောင်း ပြေးဆွဲမည့် ခရီးစဉ်ကို ၂ဝ၁၅ ခုနှစ် အစောပိုင်းတွင် စတင် လုပ်ဆောင် နိုင်ဖွယ် ရှိကြောင်း သိရသည်။
တရုတ်နှင့် စပိန် နှစ်နိုင်ငံကြား ပုံမှန်မီးရထား ပြေးဆွဲမှု ခရီးစဉ်ကို အကောင် အထည်ဖော် နိုင်မည်ဆိုပါက ကုန်ပစ္စည်း များကို ယခင်ကထက် ပိုမိုလျင်မြန်စွာ သယ်ယူ ပို့ဆောင်နိုင်မည် ဖြစ်သည်ဟု သိရသည်။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment