www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, December 20, 2014

အခြေခံပညာကျောင်း များ၌ လာမည့် ပညာသင်နှစ်တွင် အထက်တန်းအခမဲ့ ပညာရေးစနစ် တိုးမြှင့် ဆောင်ရွက်ရန်စီစဉ်



ရန်ကုန် ၊ ၂၀-၁၂-၂၀၁၄

အခြေခံပညာ ကျောင်းများ၌ လာမည့် ပညာသင်နှစ်တွင် အထက်တန်း အခမဲ့ပညာရေး စနစ် တိုးမြှင့် ဆောင်ရွက်ရန် စီစဉ်ထားပြီး အဆိုပါ အစီအစဉ်အရ ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ် ကျောင်းအပ်ချိန်တွင် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူများ သည် ပြဋ္ဌာန်းစာအုပ်၊ ကျောင်းလခ၊ အားကစားကြေး၊ စာရေးကိရိယာ၊ စာကြည့်တိုက်ကြေး နှင့် မိဘဆရာ အသင်းကြေး ပေးသွင်းစရာ မလိုဘဲ အခမဲ့ ကျောင်းအပ်နှံ ရမည် ဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာ ဦးစီးဌာနမှ အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခု ပညာသင်နှစ် ကျောင်းအပ်ချိန်တွင် အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ များသည် နဝမတန်း အတွက် မိဘဆရာ အသင်းကြေး ငွေကျပ် ၅ဝဝ၊ ကျောင်းလခ ငွေကျပ် ၉ဝဝ နှင့် ပြဋ္ဌာန်း စာအုပ်ဖိုး ငွေကျပ် ၃၅ဝဝ ဝန်းကျင်၊ တက္ကသိုလ် ဝင်တန်း အတွက် မိဘဆရာ အသင်းကြေး ငွေကျပ် ၅ဝဝ နှင့် ကျောင်းလခ ငွေကျပ် ၁ဝဝဝ သာ ပေးသွင်း ခဲ့ရကြောင်း သိရသည်။

ထို့အပြင် မူလတန်း ကျောင်းသား၊ ကျောင်းသူ  အားလုံးကို ကျောင်းအပ်နှံ ချိန်တွင် ပေးအပ်သည့် ပြဌာန်းစာအုပ်၊ ဗလာစာအုပ် ခြောက်အုပ်နှင့် ငွေကျပ် ၁ဝဝဝ အစား လာမည့်နှစ်တွင် ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် ခြောက်အုပ် နှင့် ကျောင်းဝတ်စုံ တစ်စုံစီ ပေးအပ် သွားမည် ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ်မှ စတင် အကောင် အထည်ဖော် ခဲ့သည့် အခမဲ့ မသင် မနေရ မူလတန်းနှင့် ယခုနှစ်တွင် စတင်သည့် အလယ်တန်း အခမဲ့ ပညာရေး စနစ်ကို စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မူလတန်း အဆင့်ရှိသည့် အခြေခံ ပညာကျောင်း များကို ရန်ပုံငွေ ထောက်ပံ့ကြေး ပေးအပ်ခဲ့ သကဲ့သို့ လာမည့် ပညာသင်နှစ် တွင်လည်း အထက်တန်း အခမဲ့ ပညာရေး စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger