www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, December 20, 2014

မြန်မာနိုင်ငံ၌ ကျန်းမာရေးကဏ္ဍ မြှင့်တင် ဆောင်ရွက်ရန် ဒိန်းမတ်နိုင်ငံမှ ဒေါ်လာ ၅ ဒသမ ၁ သန်း တိုးမြှင့် ထောက်ပံ့မည်



ရန်ကုန် ၊ ၂၀-၁၂-၂၀၁၄

မြန်မာနိုင်ငံ၌ ကျန်းမာရေး ကဏ္ဍ မြှင့်တင် ဆောင်ရွက်နိုင်ရန် ဒိန်းမတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၁ သန်း တိုးမြှင့် ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများ၊ မွေးကင်းစ ကလေးနှင့် ကလေးငယ် များ၏ ကျန်းမာရေး အခြေအနေများ မြှင့်တင်နိုင်ရန် ယင်းကဲ့သို့ တိုးမြှင့် ထောက်ပံ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီးက ပြောသည်။

ဒိန်းမတ်နိုင်ငံမှ Three Millennium Development Goal Fund - 3MDG ( ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ ) http://www.3mdg.org/ သို့ ထောက်ပံ့ ပေးသည့် စုစုပေါင်း ရန်ပုံငွေသည် အမေရိကန် ဒေါ်လာ ၉ ဒသမ ၂ သန်း အထိ ရှိလာပြီး ပိုမို ထိရောက်သည့် ကျန်းမာရေး စနစ်တစ်ခု ဖြစ်ထွန်း လာစေရန် 3MDG မှ ကျန်းမာရေး ဝန်ကြီးဌာန သို့ ကူညီ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် နှစ်ဝက်အထိ 3MDG သည် လူဦးရေ ရှစ်သန်းကျော်ကို ကျန်းမာရေး စောင့်ရှောက်မှု များနှင့် ဆရာဝန်၊ သူနာပြုနှင့် သားဖွားဆရာမ ၈၇၉ ဦးကို သင်တန်းပေး နိုင်ခဲ့ပြီး ကိုယ်ဝန်ဆောင် မိခင်များကို ကျွမ်းကျင် သူများဖြင့် မွေးဖွားပေးခြင်း၊ ကလေးငယ် များကို ကာကွယ်ဆေး ထိုးနှံပေးခြင်း နှင့် အရေးပေါ် အခြေအနေ ကြုံတွေ့ရသည့် မိခင်များအား နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း များသို့ လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger