www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 28, 2014

တိရစ္ဆာန် အစာသန့်ထုတ်လုပ်သည့် စက်ရုံများ ဂျပန်နိုင်ငံမှ လာရောက်တည်ဆောက်မည်


ရန်ကုန် ၊ ၂၈-၁၂-၂၀၁၄

ဂျပန်နိုင်ငံမှ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများ နှင့် အစာတောင့် ထုတ်လုပ်သည့် လုပ်ငန်း လုပ်ကိုင် သူများက မြန်မာနိုင်ငံ၌ ရေထွက်ကုန် မွေးမြူရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်ရန် နှင့် တိရစ္ဆာန် အစာသန့်ထုတ်လုပ်သည့် စက်ရုံများ လာရောက် တည်ဆောက်ရန် ကမ်းလှမ်းလျက် ရှိကြောင်း မြန်မာနိုင်ငံ ငါး ပုစွန်အစာ ထုတ်လုပ် ရောင်းဝယ်သူများ အသင်းမှ သိရသည်။

ယခုအချိန်တွင် တောင်ကိုရီးယား၊ ထိုင်း နှင့် တရုတ် အစရှိသည့် နိုင်ငံတို့မှ မွေးမြူရေး အစာတောင့် ထုတ်လုပ်သည့် လုပ်ငန်း လုပ်ကိုင် သူများက မြန်မာနိုင်ငံ၌ အစာသန့် စက်ရုံများ တည်ဆောက်၍ လုပ်ကိုင်လျက် ရှိပြီး မကြာမီ ကာလတွင် ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များ ကလည်း အစာတောင့် ထုတ်လုပ်သည့် စက်ရုံကို လာရောက် တည်ဆောက်မည် ဖြစ်ကြောင်း ငါး ပုစွန်အစာ ထုတ်လုပ် ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာ သက်မှူး က ပြောသည်။

ပြည်တွင်းရှိ တိရစ္ဆာန် အစာတောင့် ထုတ်လုပ်သည့် စက်ရုံများ အနေဖြင့် ရာနှုန်းပြည့် လည်ပတ်နိုင်ခြင်း မရှိသည်မှာ ကုန်ကြမ်း ရရှိမှု နည်းပါးနေခြင်း နှင့် ဆယ့်နှစ်လ ရာသီပတ်လုံး ကုန်ကြမ်းရရှိမှု မရှိခြင်း တို့ကြောင့် ဖြစ်ပြီး ကုန်ကြမ်း ပေါပေါများများ ရရှိသည့် အချိန်မှသာလျှင် ဝယ်ယူ စုဆောင်း၍ စက်ရုံများ လည်ပတ်နေ ရကြောင်း တိရစ္ဆာန် အစာတောင့် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ထံမှ သိရသည်။

ထက်နေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger