www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 2, 2014

AIDS ရောဂါဝေဒနာရှင် များကို လာမည့်နှစ်အတွင်း ART ဆေး ပေးနိုင်ရန် ရည်မှန်း


မန္တလေး ၊ ၂-၁၂-၂၀၁၄

နေ့စဉ် HIV ပိုး ထပ်မံကူးစက် ခံရသူ ၁၈ ဦးနီးပါးအထိ ရှိနေသည် ဟု ထုတ်ပြန်ထားသော မန္တလေးတိုင်း ဒေသကြီး အတွင်း AIDS ရောဂါ ဝေဒနာရှင်များကို လာမည့်နှစ် အတွင်း ART ဆေးပေးနိုင်ရန် ဝေဒနာရှင် စုစုပေါင်း၏ ၇၇ ရာခိုင်နှုန်း ကျော် ရည်မှန်း ထားကြောင်း သိရသည်။

ART ဆေး သောက်သုံးသူ ဦးရေမှာ ၂ဝဝ၉ ခုနှစ်တွင် ၂၁၁၃၈ ဦး၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၂၉၈၂၅ ဦး၊ ၂ဝ၁၁ ခုနှစ်တွင် ၄ဝ၁၂၈ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၅၃၇ဝ၉ ဦး၊ ၂ဝ၁၃ ခုနှစ်တွင် ၆၇၆၄၃ ဦးအထိ ရှိပြီး ၂၀၁၄ ခုနှစ်တွင် ပေးပေးနိုင်မှု ၆၁ ရာခိုင်နှုန်း မှန်းထား သော်လည်း ဇွန်လအထိ ၇ဝ ရာခိုင်နှုန်း ပေးနိုင်ပြီ ဖြစ်ကြောင်း ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့ (မန္တလေး) မှတ်တမ်းများ အရ သိရသည်။ ရောဂါ ဖြစ်ပွားနေသူ များအား ART ဆေးပေးနိုင်မှုကို တစ်နှစ်ထက် တစ်နှစ် ပို၍တိုးမြှင့်ခြင်း ဖြစ်ပြီး ဆေးသောက်သူ များမှာလည်း အရေအတွက် ပိုများ လာကြောင်း သိရသည်။

''ရောဂါရှင်တွေ အပေါ် ဆေးပေးမှုကို တစ်နှစ်ထက် တစ်နှစ် တိုးထားတယ်။ ဆေးပေးတဲ့ ဌာနတွေလည်း နောက်နှစ်မှာ တိုးချဲ့သွားမယ်။ ကျွန်တော်တို့ ကလည်း သူတို့တွေ ရောက်လာမှ ဆေးပေးလို့ ရမှာလေ။ အဲဒီလိုမျိုး ရောက်လာဖို့ အတွက်လည်း နယ်တွေမှာ စေတနာ့ ဝန်ထမ်းတွေ ထားရှိပြီး ပညာပေး ဆွေးနွေးပွဲတွေ လုပ်ဆောင် နေတယ်။ ရောဂါ ဖြစ်ပွားမှု ကလည်း ကျဆင်း လာတယ်။ လူတွေက ဒီဆေး သောက်ရင် သက်တမ်းစေ့ နေနိုင်မယ် ဆိုတာ သိလာတဲ့ အတွက် ဆေးသောက် သုံး လာကြတယ် ... '' ဟု ခုခံအားကျ ကာလသား ရောဂါ တိုက်ဖျက်ရေး အဖွဲ့ (မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ မန္တလေးတိုင်း ဒေသကြီး ၌ မန္တလေး ပြည်သူ့ ဆေးရုံကြီး၊ ခုတင် ၃ဝဝ သင်ကြားရေး ဆေးရုံကြီး၊ ဗဟို အမျိုးသမီး ဆေးရုံ၊ ခုတင် ၅၅ဝ ဆံ့ ကလေး ဆေးရုံကြီး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ မတ္တရာ၊ ကျောက်ဆည် ခရိုင်၊ သာစည်၊ ရမည်းသင်း ခရိုင်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မြင်းခြံရှိ ဆေးရုံတို့၌ ART ဆေးများ ပေးလျက် ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger