www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 7, 2014

အမျိုးသမီးသီးသန့် ယာဉ်လေးစီး ရပ်နားသွားသော်လည်း ယာဉ်ငါးစီးဖြင့် ဆက်လက် ပြေးဆွဲသွားမည်


ရန်ကုန် ၊ ၇-၁၁-၂၀၁၄

အမျိုးသမီး သီးသန့်ယာဉ် များကို စတင် ပြေးဆွဲချိန်မှစ၍ ယခု အချိန်အထိ ဝင်ငွေများမှာ ယာဉ်ပိုင်ရှင်များ အနေဖြင့် တွက်ခြေ ကိုက်သည့် အနေအထားတွင် မရှိသောကြောင့် အမျိုးသမီး သီးသန့်ယာဉ် ပြေးဆွဲ နေသော ယာဉ်လေးစီးမှာ ရပ်နားသွားပြီ ဖြစ်ကြောင်း မ-ထ-သ (၃၁) ယာဉ်လိုင်း အမျိုးသမီး သီးသန့်ယာဉ်
ပိုင်ရှင် ဦးကိုကိုနိုင် ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အမျိုးသမီး သီးသန့်ယာဉ် များကို အောက်တိုဘာ ၂၈ ရက်မှ ယာဉ် ၁၃ စီးဖြင့်စတင် ပြေးဆွဲခဲ့ပြီး နိုဝင်ဘာ ၄ ရက်အထိ ရှစ်ရက်တာ ကာလအတွင်း ယာဉ် ၁၃ စီး အနက်မှ လေးစီးမှာ ရပ်နားသွားပြီ ဖြစ်သောကြောင့် လက်ရှိ အချိန်တွင် ယာဉ်ကိုးစီး ဖြင့်သာ ဆက်လက် ပြေးဆွဲနေခြင်း ဖြစ်ကြောင်း သိရသည်။

မ-ထ-သ (၃၁) ယာဉ်လိုင်းမှ ယာဉ် ၁၃ စီးဖြင့် အမျိုးသမီး သီးသန့်ယာဉ် များကို ပြေးဆွဲရာတွင် နံနက်ပိုင်းနှင့် ညနေပိုင်း အချိန်များတွင် အချိန် အကန့်အသတ်ဖြင့် အလှည့်ကျ ပြေးဆွဲခြင်း ဖြစ်ပြီး နံနက် ၇ နာရီမှ ၉ နာရီ အတွင်းနှင့် ညနေ ၆ နာရီ ည ၇ နာရီတွင်း တစ်လှည့်ခြားစီ ပြေးဆွဲခြင်းလည်း ဖြစ်သည်။ တွက်ခြေ မကိုက်သော ယာဉ်ပိုင်ရှင်များ ကလည်း ပြေးဆွဲခြင်းကို ရပ်နားရန် ပြင်ဆင် နေသော်လည်း အမျိုးသမီး သီးသန့်ယာဉ် များကို ဖျက်သိမ်းခြင်း မရှိဘဲ နောက်ဆုံးအဆင့် မဖြစ်မနေ ယာဉ်ငါးစီးဖြင့် ဆက်လက် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသမီး သီးသန့်ယာဉ် များကို ပြေးဆွဲ ရခြင်းမှာ ရုံးဆင်း၊ ရုံးတက်ချိန် များတွင် အမျိုးသမီးများ အနေဖြင့် ကားကျပ်တည်း သည့်ဒုက္ခမှ ကင်းဝေးစေရန် နှင့် ဣနြေ္ဒ သိက္ခာဖြင့် ယာဉ်စီးနင်း နိုင်စေရန် ရည်ရွယ်၍
ပြေးဆွဲရခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger