www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 18, 2014

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ များက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်


နေပြည်တော် ၊ ၁၈-၁၁-၂၀၁၄

မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ် တွင် ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် နိုဝင်ဘာ ၁၆ ရက် နှင့် ၁၇ ရက်တို့တွင် အောင်သုခ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ဆေးကုသမှု ဆိုင်ရာရောဂါ ၅၂၁ ဦး၊ ခွဲစိတ်ရောဂါ ၁၃၃ ဦး၊ ကလေးရောဂါ ၁ဝ၁ ဦး၊ သားဖွားမီးယပ် ရောဂါ ၅၇ ဦး၊ အရိုးရောဂါ ၁၅ဝ ဦး၊ နား နှာခေါင်း လည်ချောင်း ရောဂါ ၂၃ဝ ဦး၊ မျက်စိရောဂါ ၇၈၉ ဦးနှင့် သွားရောဂါ ၁၂၈ ဦး၊ အခြားရောဂါ ၅၄ ဦး၊ စုစုပေါင်း ၂၁၆၃ ဦးတို့အား လိုအပ်သည့် ကုသမှုများ ဆောင်ရွက် ပေးသည့်အပြင် ရွေ့လျား ခွဲစိတ် ကုသယာဉ်ဖြင့် အထွေထွေ ခွဲစိတ်ကုသ လူနာ တစ်ဦး၊ မျက်စိလူနာ ၁၆ ဦးအား ခွဲစိတ်ကုသ ပေးပြီး ရွေ့လျား ဓာတ်မှန် ရိုက်ယာဉ်ဖြင့် ဓာတ်မှန် ရိုက်သူ ၅၅ ဦး၊ အာထရာဆောင်း ရိုက်သူ ၅၃ ဦး၊ နှလုံး စမ်းသပ်သူ နှစ်ဦး တို့အား ရောဂါ ရှာဖွေခြင်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နေမှုကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မင်းနောင် နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေးသည်။

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များ အနေဖြင့် နိုဝင်ဘာ ၂ ရက်မှစ၍ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ ယနေ့အထိ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်၊ ကောလင်းမြို့နယ်၊ ရွှေဘိုမြို့နယ် နှင့် မကွေးတိုင်း ဒေသကြီး မြိုင်မြို့နယ် များရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၄၇၇ ဦးအား လိုအပ်သော ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger