www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 23, 2014

စိန်တစ်လုံး သရက်သီးကို မြန်မာ့မျိုးရင်းဖြစ်ကြောင်း မူပိုင်ခွင့် မှတ်ပုံတင်ရန် စီစဉ်


ရန်ကုန် ၊ ၂၃-၁၁-၂၀၁၄

မူပိုင်ခွင့် အားနည်းချက် များကြောင့် မျိုးရင်း ဆုံးရှုံးမှုများ ရှိနေရာ ပြည်ပဈေးကွက် ရရှိလာသည့် စိန်တစ်လုံး သရက်သီးကို မြန်မာ့မျိုးရင်း ဖြစ်ကြောင်း မူပိုင်ခွင့် မှတ်ပုံတင်ရန် စီစဉ်နေပြီး မှတ်ပုံတင် ခြင်းကို သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန နှင့် Korea Invention Promotion Association (KIPA) တို့ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး သရက် အစုအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးနိုင် က ပြောသည်။

စိန်တစ်လုံး သရက်သီး ကို မြန်မာ အမည်ဖြင့် မှတ်ပုံတင်ရန် နှင့် ကိုယ်စားပြု အမှတ်တံဆိပ် ရွေးချယ်ခြင်း တို့နှင့် ပတ်သက်၍ ဒီဇင်ဘာလတွင် စာတမ်းတစ်စောင် ဖတ်ကြားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး သရက် အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပြောသည်။

မြန်မာနိုင်ငံ အထက်ပိုင်း၌ အဓိက ထွက်ရှိသည့် စိန်တစ်လုံး သရက်သီးကို စင်ကာပူ ဈေးကွက်အပြင် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့သို့ အဓိက တင်ပို့ ရောင်းချလျက် ရှိပြီး တောင်ကိုရီးယား နှင့် ဘရူနိုင်းနိုင်ငံ တို့မှလည်း အမှာစာများ ရောက်ရှိ လာပြီ ဖြစ်သဖြင့် လာမည့် သရက်သီး ရာသီတွင် တင်ပို့ ရောင်းချမည် ဖြစ်သည်။ ထို့အပြင် ဥရောပနိုင်ငံ အချို့မှလည်း မြန်မာ့ စိန်တစ်လုံး သရက်သီးကို ဝယ်ယူရန် စိတ်ဝင်စားသဖြင့် လာရောက် လေ့လာ ဆွေးနွေးမှုများ ရှိနေကြောင်း သိရသည်။

ပြည်ပ နိုင်ငံများသို့ ၂ဝ၁၃ ခုနှစ်တွင် သရက်သီး တန်ချိန် တစ်သိန်းနီးပါး တင်ပို့ နိုင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ရာသီဥတု ကြောင့် ထွက်နှုန်း နည်းခဲ့ရာ တန်ချိန် ရှစ်သောင်း ဝန်းကျင်သာ တင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger