www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 12, 2014

ကချင်ပြည်နယ် အတွင်းရှိ အီမောဘွန်းတောင် ကို အမျိုးသားဥယျာဉ် နယ်နိမိတ် အဖြစ် သတ်မှတ်မည်


ရန်ကုန် ၊ ၁၂-၁၁-၂၀၁၄

ကချင်ပြည်နယ် အတွင်းရှိ အီမောဘွန်း တောင် ၀န်းကျင် အတွင်း သစ်တော နှင့် ရှားပါး မျိုးစိတ်များ မျိုးသုန်းမည် စိုးရိမ် သောကြောင့် အမျိုးသား ဥယျာဉ် နယ်နိမိတ် အဖြစ် အမြန် သတ်မှတ် သွားမည် ဖြစ်ကြောင်း Fauna & Flora International မှ မြန်မာနိုင်ငံ ဆိုင်ရာ အစီးအစဉ် ညွှန်ကြားရေးမှူး ဖရန့်မွန်ဘာခ် ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဒေသအတွင်း ကမ္ဘာ့ ရှားပါးမျိုးစိတ် အတွင်း ပါဝင်သော Aihrusfulgens ခေါ် ပန်ဒါများအား တွေ့ရှိရပြီး ယင်းမျိုးစိတ်များအား မျိုးသုဉ်းပျောက်ကွယ်မသွားရေးအတွက် စိုးရိမ်နေရပြီး ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်ရန် ပြင်ဆင် လာရခြင်း ဖြစ်ကြောင်း၊ အီမောဘွန်း တောင်တန်း တွင် သစ်ခိုးထုတ်ခြင်း၊ အမဲလိုက်ခြင်း၊ တောရိုင်း တိရစ္ဆာန် များကို တရားမဝင် ရောင်းဝယ် ဖောက်ကားခြင်း များကြောင့် သစ်တော ပြုန်းတီးမှုနှင့် အတူ သဘာဝ ပတ်ဝန်းကျင် များလည်း ပျက်စီးလာသည့် အတွက် အမျိုးသား ဥယျာဉ် နယ်နိမိတ် အမြန် သတ်မှတ်ရန် လိုအပ် လာကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း ရှားပါး တောရိုင်း တိရစ္ဆာန် များစွာရှိနေပြီး တရားမဝင် သတ်ဖြတ် ရောင်းချမှုများ ရှိနေသည်ကို FFI အနေဖြင့် နှစ်နှင့်ချီပြီး အချိန်ယူ လေ့လာခဲ့ရာမှ သိရှိလာ ခဲ့ကြောင်း သိရသည်။

အီမောဘွန်း အမျိုးသားဥယျာဉ် တည်ထောင်ရေး အတွက် FFI နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် တစ်ချိန်တည်း မှာပင် ဒေသခံများ ပညာပေးခြင်း လုပ်ငန်းစဉ်များ ကိုပါ လုပ်ဆောင်မည် ဖြစ်ပြီး ယခုနှစ် မကုန်မီ ဥယျာဉ် နယ်နိမိတ်ကို အပြီးသတ် ရေးဆွဲနိုင်ရန် စီစဉ် ထားသည်။

ထို့အပြင် အမဲလိုက်ခြင်းနှင့် သစ်ထုတ်လုပ်ခြင်း များကို ရပ်တန့်ပစ်ရန် အခက်အခဲများ ရှိနေသေး သောကြောင့် လောဝေါ နှင့် လီဆူး ဒေသတို့မှ ဒေသခံများကို အမဲမလိုက်ရန် ဇုန်တစ်ခု ထူထောင် သတ်မှတ် ထုတ်ပြန် ပေးသွားရန် စီစဉ်ထားကြောင်း၊ ထို့အပြင် အခြား အစီအစဉ် တစ်ခုအနေဖြင့် တရားမဝင် သစ်ခိုးထုတ်မှုကို ကာကွယ်နိုင်ရန် အတွက် နယ်စပ်ဖြတ်ကျော် ဆိုင်ရာ တရားမဝင် ကိစ္စများ တားဆီးရေး ဆွေးနွေးပွဲ တစ်ခု လုပ်ဆောင် သွားရန်ရှိကြောင်း လည်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger