www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 10, 2014

သစ်တောဧက နှစ်သိန်းကျော်ကို ဒုတိယအကြိမ် သစ်တောမြေအဖြစ်မှ ပယ်ဖျက်၍ လူနေကျေးရွာများ အဖြစ် ဆောင်ရွက်ပေး



ရန်ကုန် ၊ ၁၀-၁၁-၂၀၁၄

သစ်တောမြေ ဧက နှစ်သိန်းကျော်ကို သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပြီး လူနေ ကျေးရွာများ အဖြစ် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကျေးရွာများမှာ ပြည်ထဲရေး ဝန်ကြီးဌာန တွင် အမည်စာရင်း မပေါက်သေးသော ကျေးရွာများ ဖြစ်ပြီး သစ်တောမြေ အဖြစ်မှ ပယ်ဖျက် ပေးရေး အတွက် အစိုးရအဖွဲ့သို့ တင်ပြထားပြီး အစိုးရ အဖွဲ့ကလည်း ခွင့်ပြုပေးပြီး ဖြစ်ကြောင်း သိရသည်။ '' အခု ဒုတိယအကြိမ် အနေနဲ့ ပယ်ဖျက် ပေးတာ တိုင်းဒေသကြီး အစုံက ဧက နှစ်သိန်းကျော် ရှိတယ်။ ဒီကျေးရွာတွေ က ပြည်ထဲရေး ဝန်ကြီးဌာန မှာ အမည်စာရင်း မပေါက်သေးတဲ့ ကျေးရွာတွေပါ။ အစိုးရက သစ်တောမြေ ပယ်ဖျက်ဖို့ ခွင့်ပြုပြီး ဖြစ်ပေမယ့် မြေပြင်မှာ လက်တွေ့ လိုက်ပယ်ဖျက် တော့ အချိန်ယူရတယ်။ နယ်နိမိတ်နဲ့ သတ်မှတ်ချက်နဲ့ မြေပုံနဲ့ ပြန်လုပ် ရတာပါ။ GPS တွေနဲ့ တိုင်းထွာပြီး ဆောင်ရွက်နေဆဲ ဖြစ်ပါတယ် ... '' ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

သစ်တောမြေ အတွင်း လူနေထိုင်ရာမှ လူဦးရေ တိုးပွား လာသောကြောင့် ကျေးရွာများ အဖြစ် ဖြစ်ပေါ် လာသော မြေဧရိယာ များကို သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေး ရာတွင် ပထမအဆင့် အဖြစ် ပြည်ထဲရေး အတွက် အိမ်ခြေ ၅ဝ အထက် ကျေးရွာ အမည်ပေါက် ဧက ၃၁ သိန်း လေးသောင်း ကျော်ကို ပယ်ဖျက်ပေးပြီး ပြည်ထဲရေး အမည် မပေါက်သော ကျေးရွာပေါင်း ၃၉ ရွာ ရှိကြောင်းလည် သိရသည်။

သစ်တောမြေ အတွင်းရှိ ပြန့်ကျဲ နေထိုင်လျက် ရှိပြီး အိမ်ခြေ(၅ဝ) မပြည့်၊ ကျေးရွာ အမည်ပေါက်ခြင်း မရှိသော အိမ်ထောင်စု တို့ကို တစ်စုတစ်စည်း တည်း အခြေချ ပေးနိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger