www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 10, 2014

ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းကို ပန်းလှိုင်ဘူတာမှ တစ်ဆင့် ကမ်းနားလမ်း တစ်လျှောက်မှ ပုဇွန်တောင်ဘူတာ အထိ ထပ်မံတိုးချဲ့



ရန်ကုန် ၊ ၁၀-၁၁-၂၀၁၄

ရန်ကုန် မြို့ပတ်ရထား လမ်းပိုင်းကို ပန်းလှိုင်ဘူတာ မှတစ်ဆင့် ကမ်းနားလမ်း တစ်လျှောက်မှ ပုဇွန်တောင် ဘူတာအထိ ထပ်မံ တိုးချဲ့ကာ မြို့ပတ်ရထား ခရီးစဉ်အသစ် ပြေးဆွဲသွားမည် ဖြစ်ပြီး RBE ရထားဖြင့် စမ်းသပ်မောင်းနှင် ပြေးဆွဲမှုကို စစ်ဆေးပြီး ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

ကမ်းနားလမ်း - ပုဇွန်တောင် ရထားလမ်းပိုင်း ရှေ့ပြေး အစီအစဉ် အနေဖြင့် RBE ရထား စမ်းသပ် မောင်းနှင်ကာ ကမ်းနားလမ်းပေါ် ရှိသည့် ထော်လီကွေ့ ရထားလမ်းပိုင်း ကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးမှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်း အပါအဝင် မြို့ပတ်ရထားလမ်း တစ်လျှောက် အဆင့်မြှင့်တင်မှု စီမံကိန်းများ ကိုလည်း ၂ဝ၄၅ ခုနှစ်အထိ ကာလရှည် စီမံကိန်း အနေဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ၄င်းစီမံကိန်းတွင် ရထားလမ်းပိုင်းများ ပြုပြင်ခြင်း၊ ဘူတာရုံများ အဆင့် မြှင့်တင်ခြင်း၊ အချက်ပြစနစ် များပြောင်းလဲခြင်း၊ မီးရထား တွဲဆိုင်းများ၊ စက်ခေါင်းများ အဆင့် မြှင့်တင်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် မြို့ပြ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍအတွက် နိုင်ငံတကာ နည်းတူ လျှပ်စစ်ရထားများ ပြေးဆွဲ သွားရန်ကိုလည်း တစ်ဆက်တည်း လုပ်ဆောင် သွားမည် ဖြစ်သည်။

မြန်မာ့မီးရထား ၏ အဆင့် မြှင့်တင်ရေး စီမံကိန်း များထဲတွင် မြန်မာ့ မီးရထားပိုင် မြေနေရာ များတွင် အထပ်မြင့် ကားပါကင်များ၊ ဈေးဝယ်စင်တာများ တည်ဆောက်ခြင်း လုပ်ငန်းလည်း ပါဝင်ပြီး အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများ အတွက် ပထမဆုံး အနေဖြင့် ရန်ကုန် ဘူတာကြီးကို စတင ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရန်ကုန် ဘူတာကြီး စီမံကိန်းသည် မြန်မာ နိုင်ငံတွင် မြန်မာ့မီးရထား အတွက် အကြီးဆုံး စီမံကိန်း တစ်ခုလည်း ဖြစ်ပြီး ကြည့်မြင်တိုင် ဘူတာ၊ ပုဇွန်တောင် ဘူတာ တို့ကိုလည်း တည်ဆောက်ရေး လုပ်ငန်းများ စတင် သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger