www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, November 8, 2014

စားသောက်ကုန်များကို မသမာသော နည်းလမ်းဖြင့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပါက လုပ်ငန်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းမည်


စားသောက်ကုန်များ ရောင်းချနေသော ဈေးဆိုင်တစ်ဆိုင် ကိုတွေ့ရစဉ်

ရန်ကုန် ၊ ၈-၁၁-၂၀၁၄

စားသောက်ကုန် များကို မသမာသော နည်းလမ်းဖြင့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချကြောင်း စစ်ဆေးတွေ့ရှိ ပါက အမြင့်ဆုံး ပြစ်ဒဏ် အဖြစ် လုပ်ငန်းလိုင်စင် ရာသက်ပန် ပိတ်သိမ်း သည်အထိ အရေးယူမည် ဖြစ်ကြောင်း စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့အတွင်းရေးမှူး ဦးဝင်းတင့် က ပြောသည်။

ယင်းအဖွဲ့မှ သံသယ ရှိသည့် စားသောက်ကုန် များကို စစ်ဆေးခြင်း၊ အရေးယူခြင်း များ ပြုလုပ်သွားမည် ဖြစ်ပြီး ၄င်းတို့၏ လုပ်ပိုင်ခွင့် အတွင်းမှ ပြင်းထန်စွာ သတိပေးခြင်း၊ ဈေးကွက် အတွင်းမှ ပစ္စည်းများကို ပြန်သိမ်းစေခြင်း၊ လျော်ကြေး ပေးစေခြင်း၊ ရောင်းကုန် ပစ္စည်း များကို ဖျက်ဆီးစေခြင်း၊ လုပ်ငန်းကာလ ကန့်သတ်ချက် ဖြင့် ရပ်ဆိုင်းစေခြင်း၊ ရာသက်ပန် ပိတ်သိမ်းစေခြင်း စသည်တို့ကို လုပ်ဆောင် နိုင်ကြောင်း သိရသည်။

အဆိုပါ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂ဝ ရက်တွင် စတင် ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး စီမံ/စီးပွား ဝန်ကြီးမှ ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ကာ စားသုံးသူ ရေးရာ ဦးစီးဌာန၊ ပြည်ထဲရေး၊ စည်ပင်၊ FDA ၊ ဥပဒေ ပညာရှင်၊ ကျွမ်းကျင်သူ ပညာရှင် စသည့်အဖွဲ့ ပေါင်းစုံ ပါဝင်ကာ စားသုံးသူများ၏ တိုင်ကြားချက် ကို မူတည်၍ ဈေးကွက်အတွင်း စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။ သို့သော် စတင်ဖွဲ့စည်းသည့် အချိန်မှ နိုဝင်ဘာ ၅ ရက် အထိ တိုင်ကြားမှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စားသောက်ကုန် များ၌ ဆိုးဆေး ပါဝင်မှု၊ ဓာတုဆေးဝါး များ ထည့်သွင်း အသုံးပြုမှု ကြောင့် ကင်ဆာရောဂါ နှင့် နာတာရှည် ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက် လာခဲ့ခြင်းကြောင့် နိုင်ငံတော်မှ ထိရောက်စွာ
ကြပ်မတ် ဆောင်ရွက် ပေးရန် စားသုံးသူ အခွင့်အရေး ဆောင်ရွက်သူ များက တောင်းဆိုမှုများ ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger