www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 17, 2014

ရှမ်းနီတိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုပွဲတော် ကျင်းပမည်



ဟုမ္မလင်း ၊ ၁၇-၁၁-၂၀၁၄

ဟုမ္မလင်းမြို့ကို လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ခန့်က စတင် တည်ထောင်ခဲ့ပြီး မြို့တည်ထောင် စဉ်ကာလခန့်က ဥရုမြစ်ဖျား ၏ အရှေ့ဘက် အရပ်ရှိ မိုးညှင်းနယ်မှ ခန္တီးလုံရှမ်းများ၊ ကောလင်း၊ ဝန်းသိုမြို့ တို့နှင့် ကသာဒေသ မှ အဟုန် ရှမ်းမျိုးနွယ်စု တို့သည် ဥရုမြစ်ဖျားမှ တစ်ဆင့် ၄င်းမြစ်ကြောင်း အတိုင်း စုန်ဆင်းလာကာ ရေကြည်ရာ၊ မြက်နုရာ ဒေသသစ်များ သို့ ရှာဖွေ ပြောင်းရွှေ့လာခဲ့ကြ ကြောင်း၊ တစ်ဖန် ထိုစဉ်က အနောက် ရိုးမဟု ခေါ်သော ဟုမ္မလင်းမြို့၏ အနောက်ဘက် အရပ်ရှိ နာဂ တောင်တန်းမှ နာဂ တိုင်းရင်းသားများ၊ တမန် တိုင်းရင်းသားများ၊ ကဒူးကနန်း မျိုးနွယ် တို့သည်လည်း ဟုမ္မလင်းမြို့သို့ ပြောင်းရွှေ့ လာကာ အခြေတကျ ရပ်တည် နေထိုင် ခဲ့ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန ၏ မှတ်တမ်းများ တွင် ဖော်ပြ ထားကြောင်း သိရသည်။

ထို့ကြောင့် ဟုမ္မလင်း မြို့နယ်သည် ရှမ်း၊ ဗမာ၊ နာဂ၊ ချင်း၊ ကသည်း နှင့် ဟိန္ဒူ မျိုးနွယ်စုများ ချစ်ကြည် ရင်းနှီးစွာ အတူတကွ ယှဉ်တွဲ နေထိုင်ကြသော မြို့တစ်မြို့ ဖြစ်ကြောင်း၊ အဆိုပါမြို့၏ ယမန်နှစ်က ကောက်ယူပြုစု ခဲ့သော လူဦးရေ စာရင်းများ အရ ဗုဒ္ဒဘာသာဝင် ၁၇၁ဝ၄၃ ဦး၊ ခရစ်ယာန် ဘာသာဝင် ဦးရေ ၆၈၃ဝ၊ အစ္စလာမ် ဘာသာဝင် ၂၉၅ ဦး၊ ဟိန္ဒူ ဘာသာဝင် ၂၆၁ ဦးနှင့် အခြား ဘာသာဝင် ၄၈၉ ဦး၊ စုစု ပေါင်းလူဦးရေ ၁၇၈၉၁၉ ဦးခန့် နေထိုင် ကြကြောင်း သိရသည်။

အဆိုပါ ဟုမ္မလင်း ဒေသ၌ နှစ်စဉ် ကျင်းပ ပြုလုပ်မြဲ ဖြစ်သည့် ရှမ်းနီ တိုင်းရင်းသား များ၏ ရိုးရာ ယဉ်ကျေးမှု ပွဲတော်ကို စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ နှင့် နောင်ပိုအောင် ကျေးရွာတို့တွင် နိုဝင်ဘာ ၂ဝ ရက်မှ ၂၃ ရက်အထိ သုံးရက်ကြာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းနီ တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှု ပွဲတော်သည် ရှမ်းနီလူမျိုး များ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများ တိမ်ကော ပပျောက် သွားခြင်း မရှိစေရန် ရည်ရွယ်၍ ပြုလုပ်သော ပွဲကြီးဖြစ်သည်။ ထိုပွဲတွင် ရှမ်းနီလူမျိုး များ၏ ရိုးရာ ယဉ်ကျေးမှု ဝတ်စား ဆင်ယင်မှု ပြိုင်ပွဲများ (ပုံ)၊ ရိုးရာအက ပြိုင်ပွဲများ၊ ရိုးရာ ကစားနည်း ပြိုင်ပွဲများ နှင့် ရိုးရာ စားသောက်ဖွယ်ရာ အရောင်း ဆိုင်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ (၁၅၄)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger