www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 23, 2014

ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်ရန် ကချင်ပြည်နယ် နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့၌ စတင် ဆောင်ရွက်မည်


ဗန်းမော်မြို့အနီး ဧရာဝတီမြစ်ကြောင်း တစ်နေရာ

ရန်ကုန် ၊ ၂၃-၁၁-၂၀၁၄

ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ကိုင်ရန် သဲနုန်း ဆယ်ယူမှုကို ကချင်ပြည်နယ် နှင့် ရန်ကုန်တိုင်း ဒေသကြီး တို့၌ ဆောင်ရွက်မည် ဖြစ်ပြီး ငွေကျပ် သိန်း ၉၄ဝ ကျော် သုံးစွဲမည် ဖြစ်ကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဧရာဝတီ မြစ်ကြောင်း ဖွံ့ဖြိုးရေး အတွက် သဲနုန်းများ ဆယ်ယူမှုကို ယခုလအတွင်း ဆိပ်ကမ်းနှစ်ခု၌ စတင် ပြုလုပ်မည် ဖြစ်ပြီး ကချင်ပြည်နယ် ဗန်းမော်ဆိပ်ကမ်း ၌ နိုဝင်ဘာလမှ မတ်လအထိ နှင့် ရန်ကုန်တိုင်း ဒေသကြီး အဖျောက်မြို့နယ် ဆိပ်ကမ်း၌ ဒီဇင်ဘာလ မှ မတ်လ အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ဗန်းမော်ဆိပ်ကမ်း အတွက် ငွေကျပ်သိန်း ၁၉ဝ ကျော်နှင့် အဖျောက်မြို့နယ် ဆိပ်ကမ်းအတွက် ငွေကျပ်သိန်း ၇၅ဝ ကျော် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဧရာဝတီမြစ် အပါအဝင် မြစ်ချောင်းများ အတွင်း၌ ဆည်၊ ရေကာတာနှင့် မြစ်ကူးတံတားများ တည်ဆောက်မှု ကြောင့် မြစ်ကြောင်းများ ပြောင်းလဲခြင်း၊ သဘာဝ ဂေဟစနစ်များ ပျက်စီးခြင်း နှင့် မြစ်ကမ်းပါးပြို ခြင်းများ အပါအဝင် သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများ ရှိနေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ က ပြောသည်။

၂ဝ၁၃ ခုနှစ်အတွင်း က မြစ်ချောင်း ထိန်းသိမ်းရေး လုပ်ငန်းများ အတွက် အစိုးရမှငွေကျပ်သန်း ၁၃ဝဝ ကျော် နှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ အကူအညီဖြင့် မြစ်ကမ်း ၁၅ဝ ကျော်ကို ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger