www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 6, 2014

အင်္ဂလန်နိုင်ငံ World Finance အဖွဲ့အစည်းက ကမ္ဘောဇဘဏ် လီမိတက်အား ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံးဘဏ် လုပ်ငန်းဆုများ ချီးမြှင့်


နေပြည်တော် ၊ ၆-၁၀-၂၀၁၄

အင်္ဂလန်နိုင်ငံ လန်ဒန် အခြေစိုက်  World Finance အဖွဲ့အစည်းက ၂ဝ၁၄ ခုနှစ် အတွက် Best Banking Group in Myanmar 2014 နှင့် Best Commercial Bank in Myanmar 2014 ဆုများကို ကမ္ဘောဇဘဏ်
လီမိတက် အား လည်းကောင်း၊ ကမ္ဘာ့တိုက်ကြီး ၇ တိုက်အနက် အာရှတိုက် တစ်ခုလုံး အတွက် Banker of the Year in Asia 2014 ဆု (ပုံ)ကို မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌအား လည်းကောင်း ချီးမြှင့် လိုက်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ယင်း ထုတ်ပြန်ချက်တွင် ကမ္ဘောဇဘဏ် လီမိတက် အား Best Banking Group in Myanmar 2014 ဆုချီးမြှင့် ရခြင်းနှင့် စပ်လျဉ်း၍ အတိုချုပ် ဖော်ပြရာတွင် ''ကမ္ဘောဇဘဏ် လီမိတက်သည် ပြည်သူလူထု အပေါ် အကောင်းဆုံး ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များအား နိုင်ငံဒေသ အနှံ့အပြားတွင် ဘဏ်ခွဲများစွာ ဖွင့်လှစ်ပြီး ဆောင်ရွက် ပေးနိုင်ခြင်း၊ ပြည်သူလူထု ၏ ယုံကြည် စိတ်ချရဆုံး နှင့် အခိုင်မာဆုံး ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်ခြင်း၊ မြန်မာနိုင်ငံ၏ ငွေကြေး ကဏ္ဍတွင် ခေတ်မီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များဖြင့် ဈေးကွက် ဝေစု အများဆုံး ရရှိသည့် ဦးဆောင်ဘဏ် ဖြစ်ခြင်းနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ကို အကောင်းဆုံး ဆောင်ရွက် ပေးနိုင်ခြင်း'' စသည် တို့ကြောင့် လည်းကောင်း၊ Best Commercial Bank in Myanmar 2014 ဆုချီးမြှင့် ရခြင်းနှင့် စပ်လျဉ်း၍ ''ကမ္ဘောဇဘဏ် လီမိတက် ဝန်ထမ်းများ၏ စုပေါင်း ညီညွတ် စွာဖြင့် အကောင်းဆုံး ဝန်ဆောင် ပေးနိုင်မှု၊ ရိုးသား ဖြောင့်မတ်မှု၊ ခေတ်မီ နည်းပညာများ အသုံးပြု၍ ဝန်ဆောင် ပေးနိုင်မှု၊ Customer များအပေါ် အထူး အလေးထားမှု၊ အုပ်ချုပ်မှု ကောင်းမွန်ခြင်း နှင့် စွဲမြဲ ခိုင်မာမှု၊ မြန်မာနိုင်ငံ ရှိ ဘဏ်လုပ်ငန်း ကဏ္ဍတွင် အင်အား စုဖွဲ့မှု အကြီးမားဆုံး ဖြစ်ပြီး နိုင်ငံ တစ်ဝန်းလုံး တွင် ဦးဆောင်ဘဏ် အဖြစ် ရပ်တည် ဆောင်ရွက် နိုင်မှု'' စသည် တို့ကြောင့် လည်းကောင်း ဖော်ပြ ထားသည်။

ကမ္ဘောဇဘဏ် လီမိတက် သည် မြန်မာ နိုင်ငံ နေရာဒေသ အနှံ့အပြား တွင် ဘဏ်ခွဲ ပေါင်း ၂၈ဝ ကျော် အောင်မြင်စွာ ဖွင့်လှစ် ခဲ့ပြီး ဝန်ထမ်းအင်အား ၁၂ဝဝဝ ကျော်ဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များကို နေ့စဉ် ဆောင်ရွက် ပေးလျက်ရှိကာ ယခုနှစ် အတွင်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြား ၌ ဘဏ်ခွဲပေါင်း ၄ဝဝ အထိ တိုးချဲ့ဖွင့်လှစ် သွားရန် စီစဉ် ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger