www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 21, 2014

ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်အကိုင်နှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် Viber Account တစ်ခုဖွင့်ထားပြီးဖြစ်



ရန်ကုန် ၊ ၂၁-၁၀-၂၀၁၄

ပြည်ပနိုင်ငံ များသို့ သွားရောက် အလုပ်လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အွန်လိုင်းကို အသုံးပြုကာ အလုပ်အကိုင် အခွင့်အလမ်းများ နှင့် ပတ်သက်၍ အလွယ်တကူ စုံစမ်း မေးမြန်း နိုင်စေရန် work.com.mm/my ၀က်ဘ်ဆိုက် မှ Viber Account  တစ်ခုကို ဖွင့်ထားပြီး ဖြစ်ကြောင်း သိရသည်။

work.com.mm/my ၀က်ဘ်ဆိုက်မှ လေ့လာ တွေ့ရှိချက် အရ ပြည်ပတွင် အလုပ် သွားလုပ် နေကြသော မြန်မာနိုင်ငံသား အများစုသည် မိမိနိုင်ငံသို့ ပြန်လာကာ ပြည်တွင်း၌ပင် အလုပ် လုပ်ကိုင် လိုကြသည်။ ထို့ကြောင့် အင်တာနက် ၀က်ဘ်ဆိုက်များ အသုံးပြု၍ ပြည်တွင်းရှိ အလုပ်အကိုင် များကို ဆက်သွယ် စုံစမ်းလျက် ရှိရာ ၄င်းတို့အား အကူအညီ ပေးနိုင်စေရန် ယခုကဲ့သို့ Viber Account  ကို စီစဉ် ဆောင်ရွက် ပေးရခြင်း ဖြစ်ကြောင်း work.com.mm/my ၀က်ဘ်ဆိုက် မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် Viber မှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်း ကောင်းများကို အလုပ် ရှာဖွေကြ သူများ သိရှိစေရန် ဖြန့်ဝေ ပေးသွားမည့် အပြင် အလုပ်အကိုင် ရှာနေကြ သူများ အချင်းချင်း အွန်လိုင်းမှ ဆွေးနွေး တိုင်ပင်နိုင် စေရန် အတွက်လည်း စိတ်ဝင်စား ဖွယ်ရာ ခေါင်းစဉ်များဖြင့် အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ work.com.mm/my ၀က်ဘ်ဆိုက်မှ ဖွင့်ပေးထားသော Viber Account သို့ ဆက်သွယ် လိုပါက ဖုန်း ၀၉- ၉၇၆ ၂၇၈ ၇၄၃ မှတစ်ဆင့် ဆက်သွယ် နိုင်ကြောင်း သိရသည်။

ထို့အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ၊ အွန်လိုင်းမှ အလုပ် လျှောက်ထား နိုင်သော အဆက်အသွယ်များ အကြောင်းကို ရုံးချိန်များ အတွင်း အချိန်မရွေး ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger