www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 16, 2014

တောင်ငူ ကွန်ပျူတာတက္ကသိုလ် နှင့် နည်းပညာတက္ကသိုလ် တို့၌ Public Digital Library Service များ တပ်ဆင်ပေးထား


တောင်ငူကွန်ပျူတာ တက္ကသိုလ်ရှိ ကျောင်းသား ကျောင်းသူများ သုတ ၊ ရသ စာအုပ်များ ဖတ်ရှုနေသည်ကို တွေ့ရစဉ်

တောင်ငူ ၊ ၁၆-၁၀-၂၀၁၄

စာအုပ်ပေါင်း ၆ဝဝဝ ကျော်ကို ပတ်ဝန်းကျင် မီတာ ၂ဝဝ မှ ၆၅ဝအတွင်း Wifi Network တစ်ခုအဖြစ် ဖမ်းယူကြည့်ရှု နိုင်သော Public Digital Library Service ကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိ နှင့် ဝန်ထမ်းများက တောင်ငူ ကွန်ပျူတာ တက္ကသိုလ် နှင့် နည်းပညာ တက္ကသိုလ် တို့၌ တပ်ဆင် ခဲ့ကြောင်း သိရသည်။

''မိမိရဲ့ တယ်လီဖုန်း၊ Tablet ၊ Laptop ထဲမှာ Download ယူထားပြီး စာဖတ်ချင်တဲ့ အချိန် ဖွင့်ဖတ်လို့ ရပါတယ်။ နေ့စဉ် ကျောင်းကပေးတဲ့ သင်ခန်းစာ တွေကို ဖတ်နေရတော့ ငြီးငွေ့ နေချိန်မှာ အခုလို သုတ၊ ရသစာအုပ် တွေကို ကျောင်းသားတွေ က ဖတ်ချင် ကြတယ်'' ဟု ကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ် ဆရာမကြီး ဒေါက်တာ အိအိလှိုင်က ပြောသည်။

''ကျွန်တော်တို့ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ တွေအတွက် ဘာသာရပ် ဆိုင်ရာ စာအုပ်တွေကို Wifi စနစ်နဲ့ ဖတ်လို့ရအောင် စီစဉ် ပေးထားပါတယ်။ အခုလိုသုတ၊ ရသစာအုပ်တွေ အတွက် လုပ်ပေးထားတော့
ကျောင်းသားတွေ ကြိုက်နှစ်သက် ကြမှာပါတယ် ... '' ဟု နည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်လတ် က ပြောကြားခဲ့သည်။

တောင်ငူမြို့နယ် အတွင်း သမိုင်းဝင် ရွှေဆံတော်ဘုရား၊ အမေ့ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်၊ တောင်ငူ တက္ကသိုလ်၊ တောင်ငူဘူတာ နှင့် အထွေထွေ ရောဂါကု ဆေးရုံကြီး တို့၌လည်း Public Digital Library Service များ တပ်ဆင် ပေးထားကြောင်း သိရသည်။

မောင်ရွှေဝင်း (ပြည်)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger