www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 24, 2014

မန္တလေးတက္ကသိုလ် ၌ Oxford University မှပညာရှင်များ Structure and Regional Tectonics သင်တန်းပို့ချ



မန္တလေး ၊ ၂၄-၁၀-၂၀၁၄

မန္တလေး တက္ကသိုလ် ဘူမိဗေဒ ဌာန တွင် အင်္ဂလန်နိုင်ငံ Oxford University မှ ပညာရှင် တို့က ''Structure and Regional Tectonics" ပညာရပ်ဆိုင်ရာ သင်တန်း ပို့ချခြင်းကို အောက်တိုဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် မန္တလေး တက္ကသိုလ် University Research Centre ရှိ အခန်းအမှတ် (URC Seminar-2) ၌ ကျင်းပ ပြုလုပ်ရာ မန္တလေး တက္ကသိုလ် ဘူမိဗေဒ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ သန်းသန်းနု၊ ပါမောက္ခ ဒေါက်တာ အလီ အက္ကဘာခန်း နှင့် ဘာသာရပ် ဆရာ၊ ဆရာမများ၊ ပါရဂူ ကျမ်းပြု သင်တန်းသားများ တက်ရောက် ကြသည်။

အဆိုပါ "Structure and Regional Tectonics" ပညာရပ် ဆိုင်ရာ သင်တန်း ပို့ချခြင်းကို အင်္ဂလန်နိုင်ငံ Oxford University, Department of Earth Science မှ Prof. Dr. Mike Searle က ''ဟိမဝန္တာဒေသ များနှင့် ဆက်စပ်လျက် ရှိသော မြန်မာနိုင်ငံ ၏ တက်တိုးနစ် မြေတွင်း လှုပ်ရှားမှု ဆိုင်ရာ ဘူမိဖြစ်စဉ် အကြောင်း'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Dr. Nicholas John Gardiner က ''မီးသင့် ကျောက်ရိုင်းများ နှင့်ဆက် စပ်လျက် ရှိသော သတ္တုသိုက်များ အကြောင်း'' ခေါင်းစဉ်ဖြင့် လည်းကောင်း ပရိုဂျက်တာဖြင့် ရှင်းလင်း၍ သင်တန်း ပို့ချကြသည်။

ဆက်လက်၍ တက်ရောက် လာကြသူ တို့၏ သိလိုသည့် အချက်များကို Oxford University, Department of Earth Science မှ Prof. Dr. Mike Searle နှင့် Dr. Nicholas John Gardiner တို့က ရှင်းလင်း ဆွေးနွေး ကြကြောင်း သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger