www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 27, 2014

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI အင်ချုံးမြို့သို့ လေကြောင်း ခရီးစဉ်သစ် စတင်ပျံသန်း



ရန်ကုန် ၊ ၂၇-၁၀-၂၀၁၄

အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း MAI သည် ရန်ကုန်မြို့မှ ဗန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး နှင့် ဂါယာမြို့များ သို့ AIRBUS A 320 (လူဦးရေ ၁၈ဝ ဆံ့)၊ AIRBUS A 319 (လူဦးရေ ၁၂ဝ ဆံ့)
လေယာဉ်များဖြင့် ပုံမှန်ပျံသန်း ပေးလျက်ရှိရာ ယမန်နေ့မှ စ၍ ကိုရီးယား နိုင်ငံ အင်ချုံးမြို့သို့ လေကြောင်း ခရီးစဉ်သစ် စတင် ပျံသန်းကြောင်း အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း MAI မှ ဈေးကွက်နှင့် လူမှုဆက်ဆံရေး မန်နေဂျာ ဒေါ်အေးမရသာ ထံမှ သိရသည်။

အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း MAI သည် ၂ဝ၁၃ ခုနှစ်မှ စတင်၍ ကိုရီးယား ခရီးစဉ်များကို Korean Air ၊ Asian Air-lines တို့နှင့် Code Share အကျိုးတူ ပူးပေါင်း၍ ရန်ကုန် - ဆိုးလ် - ရန်ကုန် ခရီးစဉ်များ ကို ပျံသန်းလျက် ရှိသည့်အပြင် စင်းလုံးငှား ( Charter ) ခရီးစဉ်များ ကိုပါ ကိုရီးယား နိုင်ငံနှင့် ဂျပန်နိုင်ငံ များမှ ခရီးသည် များအား ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်များ သို့ ပျံသန်း ပြေးဆွဲ ခဲ့သည်။ အောက်တိုဘာ ၈ ရက်တွင် လည်း ဂျပန်နိုင်ငံ အိုဆာကာမြို့ သို့ ပုံမှန် ( Schedule Flight ) ခရီးစဉ်များကို တစ်ပတ်လျှင် သုံးကြိမ် ပျံသန်းပြေးဆွဲ ခဲ့ပြီး ယမန်နေ့မှ စ၍ ရန်ကုန်မှ ကိုရီးယားနိုင်ငံ အင်ချုံးမြို့ သို့ တစ်ပတ်လျှင် ငါးကြိမ် ပုံမှန် လေကြောင်း ခရီးစဉ်သစ် ကို စတင်ပျံသန်း မည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ပုံမှန် ( Schedule Flight ) ခရီးစဉ်ကို ပျံသန်းရာတွင် အသွား အပြန် လေကြောင်း ခရီးစဉ် တစ်ခုအတွက် အမေရိကန် ဒေါ်လာ ၇ဝဝ ဝန်းကျင် ကျသင့်ပြီး ယခုပျံသန်းမည့် ရန်ကုန်မှ ကိုရီးယားနိုင်ငံ အင်ချုံးမြို့သို့ အသွားအပြန် အတွက် အမေရိကန် ဒေါ်လာ ၇ဝဝ ဝန်းကျင် ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

ဇာညီသစ္စာ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger