www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 24, 2014

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတော အများဆုံးရှိသည့် နိုင်ငံဖြစ်ကြောင်း FAO ထုတ်ပြန်



ရန်ကုန် ၊ ၂၄-၁၀-၂၀၁၄

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတော အများဆုံး ရှိသည့် နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ ( FAO ) ၏ သစ်တော သယံဇာတ အကဲဖြတ်ချက် အစီရင် ခံစာအရ သိရသည်။

မြန်မာနိုင်ငံတွင် ဒီရေတော များကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် တနင်္သာရီတိုင်း ဒေသကြီး တို့တွင် အများဆုံး တွေ့ရပြီး စုစုပေါင်း ဧရိယာ စတုရန်း ကီလိုမီတာ ၅ဝဝဝ ကျော် ရှိသည့်အတွက် ကမ္ဘာ့ ဒီရေတော ဧရိယာ ၏ ၃ ဒသမ ၃ ရာခိုင်နှုန်း ကျော် ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး ရှိ ဒီရေတောမှာ လုံးဝ ပျက်စီးနေသော ခုတ်လွန်တော အနည်းငယ်သာ ကျန်ရှိ တော့ပြီး ရခိုင်ပြည်နယ် ၌မူ ပြန်လည် ထိန်းသိမ်းချိန် မီသေးသော ခုတ်လွန် တောပျက် များဖြစ်ကာ တနင်္သာရီတိုင်း ဒေသကြီးရှိ ဒီရေတော များသာ အကောင်း ပကတိ ကျန်ရှိ နေကြောင်း သိရသည်။

ဒီရေတော များသည် ဆူနာမီ ငလျင်ရေလှိုင်း ကဲ့သို့ သဘာဝ ဘေးများကို တားဆီးပေးခြင်း နှင့် စိုက်ပျိုးမြေ များကို ပင်လယ် ဆားငန်ရေ ဝင်ရောက်ခြင်း များမှ ကာကွယ် ပေးနိုင်သည်။

သစ်တောရေးရာ ဝန်ကြီးဌာန မှ ဧရာဝတီတိုင်း ဒေသကြီး အတွင်း နာဂစ်မုန်တိုင်း မတိုင်မီနှင့် မုန်တိုင်းလွန် ကာလ များတွင် ဒီရေတော စိုက်ခင်း ဧက စုစုပေါင်း ၅၅ဝဝဝ ခန့် စိုက်ပျိုးခဲ့ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် ဒီရေတောများ ပြန်လည် ထူထောင်ရေး စီမံကိန်း ကိုလည်း ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၇ ခုနှစ်အထိ ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ ( JICA ) နှင့် ပူးပေါင်းကာ ဒီရေတောဧက ၂၈ဝဝ ကျော် စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger