နေပြည်တော် ၊ ၁၇-၁၀-၂၀၁၄
၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ လူထုအားကစား လှုပ်ရှားမှု အထိမ်းအမှတ် ဓာတ်ပုံ၊ ဆောင်းပါး နှင့် ဝတ္ထုတို ပြိုင်ပွဲ ကျင်းပသွားမည် ဖြစ်ရာ ဆောင်းပါးပြိုင်ပွဲ အတွက် ကွန်ပျူတာ စာလုံး Font size 14 အရွယ်အစားဖြင့် A4 စာမျက်နှာ ခုနစ်မျက်နှာ ထက်မနည်း၊ ရှစ်မျက်နှာ ထက်မများ၊ ဝတ္ထုတိုပြိုင်ပွဲ အတွက် ကွန်ပျူတာ စာလုံး Font size 14 အရွယ်အစား ဖြင့် A4 စာမျက်နှာ ၁ဝ မျက်နှာထက် မနည်း၊ ၁၁ မျက်နှာထက် မများ မိမိတို့ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ရေးသား ယှဉ်ပြိုင်နိုင်သည်။
ပြိုင်ပွဲဝင် ရောင်စုံဓာတ်ပုံ များကို ၁ဝ x ၁၂ လက်မ အရွယ်ဖြင့် အကန့်အသတ် မရှိ တင်သွင်း ယှဉ်ပြိုင်နိုင်ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလူထု အားကစား လှုပ်ရှားမှု ပေါ်လွင် စေရမည့် အပြင် ဓာတ်ပုံခေါင်းစဉ် ဖော်ပြရမည် ဖြစ်သည်။
အဆိုပါ ဝတ္ထုတို၊ ဆောင်းပါး နှင့် ဓာတ်ပုံ ပြိုင်ပွဲဝင် စာမူများနှင့် ဓာတ်ပုံများကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက် နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး လူထုအားကစား နှင့် ပညာပေးဌာနခွဲ အားကစား ဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ် (၃၁) သို့လိပ်မူကာ ပေးပို့ ကြရန်နှင့် စာမူနှင့်အတူ လိုင်စင်ဓာတ်ပုံ နှစ်ပုံ၊ ပေါ်လွင် ထင်ရှားသော နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ မှန်တစ်စောင်၊ ကိုယ်တိုင် ရေးသား ထားကြောင်း ဝန်ခံချက် တစ်စောင်တို့ ပါရှိရမည် ဖြစ်ပြီး အဆိုပါ အချက်အလက် များ အားလုံး ထည့်သွင်း ထားသည့် Soft copy CD/ DVD တစ်ချပ်ကိုပါ ထည့်သွင်း ပေးပို့ ကြရန် ဖြစ်သည်။
ဝတ္ထုတို၊ ဆောင်းပါး နှင့် ဓာတ်ပုံပြိုင်ပွဲ များအတွက် ပထမဆု ငွေကျပ် ခြောက်သိန်း၊ ဒုတိယဆု ငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ် လေးသိန်း နှင့် နှစ်သိမ့်ဆု ငွေကျပ် သုံးသိန်း ပေးအပ်သွားမည် ဖြစ်သည်။
ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆု ရရှိကြသည့် ဆုရစာမူ များကို နေ့စဉ်ထုတ် သတင်းစာများ နှင့် အားကစား ဂျာနယ်များ တွင် ဂုဏ်ပြု ဖော်ပြသွားမည် ဖြစ်ရာ စာမူများကို သတ်မှတ်ရက် အတိုင်း ပေးပို့ရမည် ဖြစ်ကြောင်း နှင့် အသေးစိတ် သိရှိလိုပါက ဖုန်း- ဝ၆၇- ၄ဝ၆ဝ၂၆ နှင့် ဝ၉- ၄၄၈၅ ၃၅၃၁၁ တို့သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း သိရှိရသည်။ (၄၀၀)
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment