www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 22, 2014

ရန်ကုန်မြို့ တွင်း အမှိုက်သိမ်းဆည်းခြင်း နှင့် စွန့်ပစ်ခြင်း လုပ်ငန်းများအတွက် ကုမ္ပဏီခုနစ်ခု နောက်ဆုံး အဆိုပြုလွှာ လာရောက်တင်သွင်း



ရန်ကုန် ၊ ၂၂-၁၀-၂၀၁၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဆောင်ရွက်လျက် ရှိသည့် အမှိုက် သိမ်းဆည်းခြင်း နှင့် စွန့်ပစ်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရန် တင်ဒါ ခေါ်ယူထားရာ နောက်ဆုံး အဆိုပြုလွှာ ကို ကုမ္ပဏီ ခုနစ်ခုမှ လာရောက် တင်သွင်း ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဆောင်ရွက်လျက် ရှိသည့် အမှိုက် သိမ်းဆည်းခြင်း နှင့် သိမ်းဆည်း အမှိုက်များကို စွန့်ပစ် အမှိုက်ပုံသို့ စွန့်ပစ်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းအဖြစ် လွှဲပြောင်း ဆောင်ရွက်နိုင်ရန် တင်ဒါ ခေါ်ယူခဲ့ရာ ကုမ္ပဏီ ၂၁ ခု လာရောက် တင်ဒါတင်သွင်း ခဲ့ပြီး လုပ်ငန်းစဉ် ရှင်းလင်းရာတွင် ကုမ္ပဏီ ၁၁ ခုလာရောက် ခဲ့ကြောင်း သိရသည်။ 

အဆိုပါကုမ္ပဏီ ၁၁ ခု ကို လုပ်ကိုင်မည့် ခရိုင်အလိုက် Feasibility Study လုပ်၍ စက်တင်ဘာတွင် နောက်ဆုံး အပြီးသတ် အဆိုပြုလွှာ တင်ပြစေရာ ကုမ္ပဏီ ခုနစ်ခုက အဆိုပြုလွှာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ထိုကုမ္ပဏီ များကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် တိုင်းဒေသကြီး အစိုးရတို့မှ ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန ဌာနမှူး က ပြောသည်။

တင်ဒါ တင်သွင်းခဲ့သည့် ကုမ္ပဏီ များသည် အာမခံကြေး ငွေကျပ် သိန်း ၅ဝ ကို မြို့တော်ဘဏ် ၌ ပေးသွင်း ထားခဲ့ပြီး အပြီးသတ် အဆိုပြုလွှာ တင်သွင်းခြင်း မပြုသည့် ကုမ္ပဏီ များကို အာမခံကြေး ပြန်လည် ထုတ်ပေးမည် မဟုတ်ကြောင်း သိရသည်။ 

အမှိုက် သိမ်းဆည်းခြင်း နှင့် စွန့်ပစ်ခြင်း လုပ်ငန်းစဉ် နှစ်ခုအတွက် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများသည် ၂ဝ၁၅ ခုနှစ် ဧပြီလတွင် လုပ်ငန်းစတင် လွှဲပြောင်း လုပ်ကိုင်ရမည် ဖြစ်ပြီး လုပ်ကိုင် ခွင့်ပြုမည့် ကာလကို ၁ဝ နှစ် သတ်မှတ် ထားသည်။ ပုဂ္ဂလိကသို့ လွှဲပြောင်း ရာတွင် အိမ်များမှ စွန့်ပစ်သည့် အမှိုက်များသာ ပါဝင်ပြီး ဆေးရုံ၊ ဆေးခန်း များမှ ထွက်ရှိသည့် အမှိုက်များ၊ စက်မှုဇုန်ထွက် အမှိုက်များနှင့် အန္တရာယ်ရှိ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း လုပ်ငန်းများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှသာ ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger