www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 22, 2014

သောကအမောများ ဖြေဖျောက်ဖို့


သောကအမောများ ဖြေဖျောက်ဖို့

ဒေါက်တာ လွင်သန့် (ဆေး-၂)

မြို့ ပြလူနေမှု ဘဝပုံစံဟာ လှောင်အိမ် အတွင်းက ငှက်ငယ်လို ကျပ်တည်း ကျဉ်းမြောင်းတဲ့ မိမိရဲ့ အခန်းငယ်လေး အတွင်းမှာ ဘဝကို လှုပ်ရှား ရုန်းကန်ရင်း တင်းတိမ် ရောင့်ရဲစွာ နေထိုင်ရင်ဆိုင် နေကြရတယ်။ ဒီလို မြို့ပြမှာ နေထိုင်တဲ့ သူတွေဟာ ခေါင်းကိုက်၊ ဇက်ကြောထိုး အစရှိတဲ့ ဝေဒနာ အသေးအမွှား လေးတွေက အစ သွေးတိုး၊ ဆီးချို၊ နှလုံး အစရှိတဲ့ ရောဂါ ဝေဒနာတွေ ကိုပါ ခံစားနေကြ ရတယ်။ ဒီရောဂါတွေ ဖြစ်ပွားရတဲ့ အဓိက အခြေခံ အကြောင်း ကတော့ စိတ်ကြောင့်ပဲ ဖြစ်ပါတယ်။

မြို့ပြ နေထိုင်သူ တွေရဲ့ ဘဝနေထိုင်မှု ပုံစံ ( Lifestyle ) ကတော့ သူတို့နေ့စဉ် နေထိုင်သွားလာ လှုပ်ရှား ရုန်းကန်ရင်း တွေ့ကြုံ နေရတဲ့ လောဘ၊ ဒေါသ၊ မောဟတွေ၊ စိတ် အနှောင့်အယှက် ဖြစ်စရာတွေ၊ လုပ်ငန်းခွင် အဆင်မပြေ မှုတွေ၊ အိမ်တွင်းရေး ပြဿနာတွေ၊ နေ့စဉ်ကြုံတွေ့ နေရပါတယ်။ ဒီအကြောင်း အရာတွေကို နေ့စဉ်တွေ့မြင် ကြားသိနေမှု တွေက မိမိရဲ့ ဦးနှောက်ကို ပေးပို့ ခံစားရမယ်။ အဲဒီကမှ အာရုံကြော ကြွက်သားတွေ တောင့်တင်း လာမယ်။ ဒီလို အာရုံကြော ကြွက်သားတွေ တောင့်တင်း လာရင်တော့ နေ့စဉ် နာရီဝက် လောက် အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး စတာတွေကို လုပ်ရမယ်။ ဒီလို မလုပ်ရင်တော့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာ တွေကို ထက်ဝက်မက ဖြေဖျောက်ပေး ရမယ်။ 

အိပ်ရာ ဝင်ချိန်မှာ ဘယ်လို အမှုကိစ္စကိုမှ စဉ်းစားတာမျိုး မလုပ်သင့်ဘူး။ ပတ်ဝန်းကျင် ကိုကြည့်ရင် စိတ်ညစ်စရာ၊ စိတ်ရှုပ်ထွေး စရာတွေ ပြည့်နေတယ်။ နေ့စဉ် လမ်းပေါ်မှာ ဆူညံသံတွေ ဖြစ်နေတယ်။ လူသားတွေ ဟာ တဒင်္ဂ စိတ်အမောပြေ စေဖို့ မိမိ ကြိုက်နှစ်သက်ရာ ကက်ဆက်၊ တီဗွီ၊ ရုပ်ရှင် ဇာတ်လမ်းတွေ ကြည့်ကြ ပေမယ့်စိတ်ကို ကြည်လင်အောင် မလုပ်နိုင် ကြဘူး။ ဒါကြောင့် ဘောလုံး ကစားခြင်း၊ ဘော်လီဘော ကစားခြင်း၊ ရေကူးခြင်း၊ အားလပ်ရက် မှာ အပန်းဖြေ ခရီးထွက်ခြင်း တို့ လုပ်လာကြတာ တွေ့ရပါတယ်။

နေ့စဉ် မိမိကြုံတွေ့ ခံစားနေရတဲ့ အဆင်မပြေမှု တွေကို စာရွက် တစ်ခုပေါ် ချရေးပြီး တစ်ခုချင်း ပြုပြင်ယူ သင့်တယ်။ ဥပမာ- ရထား နောက်ကျ တာကို စိတ်ဖိစီးမှု ဖြစ်ရင် ကားနဲ့ မီအောင် သွားမယ်။ သားမောင် ကို စာဖတ်ဖို့၊ စည်းရုံးမယ် စသည်ဖြင့် ပေါ့လေ။ လုပ်ငန်းခွင် မှာလည်း အထက် လူကြီးနဲ့ အဆင်ပြေ ရဲ့လား။ လုပ်ငန်းခွင်မှာ ပျော်မွေ့ရဲ့လား စသည်ဖြင့် အလုပ်အပေါ် စစ်တမ်း ထုတ်သင့်တယ်။ ကိုယ့်အကျိုး၊ အများအကျိုး တစ်ခုမှ မဖြစ်ရင်ေ တာ့ အလုပ်ထွက် သင့်ရင် ထွက်ရမယ်။ လုပ်ငန်းအသစ် ရှာသင့်ရင် ရှာရမယ်။

မိမိ နေအိမ်မှာလည်း ပျော်ရွှင် ချမ်းမြေ့အောင် ဆောင်ရွက် ရမယ်။ စိတ် စနိုးစနောင့် ဖြစ်ရမယ့် အခြေခံ ကိစ္စ ဥပမာ- သားကြီး အရက်သောက် တာကို ပြုပြင်ယူ ရမယ်။ ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်အောင် စာကြိုးစားဖို့ ဆုံးမတာ မှန်ပေမယ့် စာမလိုက်နိုင် အမှတ်နည်း လို့ ဝင်ခွင့် ဆုံးရှုံး ရရင်လည်း အခြားဘက်မှာ ထူးချွန်အောင် လုပ်ပေး ရမယ်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger