www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 16, 2014

စင်ကာပူရေတပ်မှ စစ်ရေယာဉ် RSS Endeavour (210) မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရောက်ရှိ


စင်ကာပူရေတပ်မှ စစ်ရေယာဉ် RSS Endeavour (210) အား တပ်မတော်(ရေ) မှ အရာရှိကြီးများ နှင့် အရာရှိ ၊ စစ်သည် ၊ မိသားစု များက ကြိုဆိုနှုတ်ဆက်စဉ်


နေပြည်တော် ၊ ၁၆-၉-၂၀၁၄

စင်ကာပူ ရေတပ် ဗိုလ်လောင်း များအား ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းများ လေ့ကျင့် ဆောင်ရွက်ရန် နှင့် နှစ်နိုင်ငံ ရေတပ်များ အကြား ချစ်ကြည် ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ Midshipman Sea Training Deployment 2/2014 ခရီးစဉ်အဖြစ် စင်ကာပူ ရေတပ်မှ Landing Platform Dock ( LPD ) အမျိုးအစား စစ်ရေယာဉ် RSS Endeavour (210) သည် ယမန်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်တွင် သန်လျင်(သီလဝါ) MITT ဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများ နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ က နွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် စစ်ရေယာဉ်မှူး ဒုတိယ ဗိုလ်မှူးကြီး Ooi Loong ၊ အရာရှိ/ စစ်သည်၊ ဗိုလ်လောင်း ၂၃ဝ ဦး လိုက်ပါလာ ပြီး မြန်မာနိုင်ငံ တွင် စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ငါးရက်ကြာ နေထိုင်မည်
ဖြစ်သည်။

မြန်မာနိုင်ငံသို့ အိမ်နီးချင်း နိုင်ငံများနှင့် မိတ်ဆွေ နိုင်ငံများမှ စစ်ရေယာဉ်များ မကြာခဏ လာရောက် လည်ပတ်ခြင်း ဖြင့် နှစ်နိုင်ငံ ရေတပ် အချင်းချင်း သာမက နိုင်ငံ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု၊ ယုံကြည်မှု နှင့် ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမိုမြှင့်တင် ဆောင်ရွက် လာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger