www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 16, 2014

မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတားပေါ်တွင် ချိန်ကိုက်မိုင်းတစ်လုံး နှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိသဖြင့် အသက်မဲ့ ပြုလုပ် သိမ်းဆည်းခဲ့


သိမ်းဆည်းရမိ ချိန်ကိုက်မိုင်း တစ်လုံး နှင့် ဆက်စပ် ပစ္စည်းများအား တွေ့ရစဉ်

နေပြည်တော် ၊ ၁၆-၉-၂၀၁၄

ယမန်နေ့ နံနက်ပိုင်းတွင် မြဝတီမြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား ယာဘက်အောက် ကားပတ်လမ်း ပေါ်တွင် ချိန်ကိုက်မိုင်း တစ်လုံး နှင့် ဆက်စပ် ပစ္စည်းများ တွေ့ရှိသဖြင့် တာဝန်ရှိ သူများက အသက်မဲ့ ပြုလုပ် သိမ်းဆည်း ခဲ့ကြောင်း သိရသည်။

နံနက် ၆ နာရီခွဲခန့် တွင် သန့်ရှင်းရေး ဝန်ထမ်း တစ်ဦးက မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား ယာဘက်အောက် ကားပတ်လမ်း ဘေး၌ ရပ်နားထားသည့် မော်တော်ယာဉ် နှစ်စီး အကြား ကြွပ်ကြွပ်အိတ် အမဲရောင် အိတ်ကြီး တစ်လုံးနှင့် ထို အိတ်အောက်တွင် မသင်္ကာ ဖွယ် မိုင်းဟု ယူဆရသော ပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို တွေ့ရှိသဖြင့် သက်ဆိုင်ရာ သို့ သတင်းပို့ ခဲ့သည်။

သို့ဖြစ်၍ စစ်ဗျူဟာမှူး ဦးစီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ ဝင်များက ယင်းနေရာအား စစ်ဆေးပြီး နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် အဝေးထိန်း စနစ် မပါသည့် အဆိုပါ ချိန်ကိုက်မိုင်း နှင့် ဆက်စပ် ပစ္စည်းများကို အသက်မဲ့ ပြုလုပ် ခဲ့ကြောင်း၊ အဆိုပါမိုင်းအား စစ်ဆေးရာ နာရီဒိုင်ခွက် နာရီ လက်တံကို နံနက် ၁ဝ နာရီ ၅၅ မိနစ်တွင် ထားရှိပြီး ပင်မ ယမ်းအုံမှာ အရှည် ၆ လက်မ၊ အချင်း ၂ လက်မ ခန့်ရှိ သံပိုက်လုံး တစ်လုံး၊ ဓာတ်ခဲသေး ငါးလုံးတို့ ဖြစ်ကြောင်း သိရသည်။

ချိန်ကိုက်မိုင်း ထောင်သည့် အဖွဲ့အစည်း အား ဆက်လက် စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger