www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 17, 2014

Myanmar Architect & Decor အမည်ရှိ ဆောက်လုပ်ရေးဆိုင်ရာ ပြပွဲကြီးကို MEP ၌ ကျင်းပမည်



ရန်ကုန် ၊ ၁၇-၉-၂၀၁၄

ဆောက်လုပ်ရေး လုပ်ငန်းများ နှင့် ပတ်သက်သော နိုင်ငံတကာမှ ကုမ္ပဏီပေါင်း ၁ဝဝ ခန့် ပါဝင် ပြသမည့် Myanmar Architect & Decor အမည်ရှိ ဆောက်လုပ်ရေး ဆိုင်ရာပြပွဲကြီး တစ်ခုကို မြန်မာနိုင်ငံ၌ ကျင်းပရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုပြပွဲကြီးကို ရန်ကုန်မြို့ရှိ Myanmar Event Park ( MEP ) ၌ စက်တင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းရှင် များအား ပြသ သွားမည် ဖြစ်ကြောင်း၊ ၂၆ ရက်တွင် ပြည်သူများ ဝင်ရောက် လေ့လာ နိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြပွဲ ဖြစ်မြောက်ရေး အတွက် မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း နှင့် မြန်မာနိုင်ငံ အေဂျီတီအိုင် အသင်းတို့၏ အကူအညီဖြင့် ထိုင်းကုမ္ပဏီ တစ်ခုဖြစ်သော ICVEX မှ တာဝန်ယူကာ စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်သည်။

အဆိုပါ ပြပွဲကို ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင် များအား အမြင်ပိုကျယ် လာစေရန်၊ နောက်ဆုံးပေါ် နိုင်ငံတကာ ခေတ်မီ နည်းပညာများ နှင့် မိတ်ဆက်ပေးရန်၊ နိုင်ငံခြားမှ လုပ်ငန်းရှင် များနှင့် ပူးပေါင်း လုပ်ကိုင် ဆောင်ရွက်မှုများ တိုးမြင့် လာစေရန်နှင့် ပြည်သူများအား ဆောက်လုပ်ရေး ပိုင်းဆိုင်ရာ ဗဟုသုတများ ဖြန့်ဝေပေးရန် စသည့် ရည်ရွယ်ချက် များဖြင့် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် ထိုင်း၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဂျာမနီ အစရှိသော နိုင်ငံများမှ နိုင်ငံခြား ကုမ္ပဏီများ ပါဝင်မည် ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်း ပိုင်းနှင့် ပတ်သက်သည့် နောက်ဆုံးပေါ် ပစ္စည်းများ၊ ဆန်းသစ် တီထွင် ထားသော နည်းပညာသစ် များအပြင် ကုမ္ပဏီ များမှ ထုတ်ကုန် ပစ္စည်း အသစ်များ ကိုလည်း ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger