www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 14, 2014

မြန်မာသင်တန်းသား ကိုးဦးကို EU မှ ပညာသင်ဆု ချီးမြှင့်မည်



ရန်ကုန် ၊ ၁၄-၉-၂၀၁၄

အီးယူမှ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ မှ သင်တန်းသား ကိုးဦးကို ပညာသင်ဆုများ ခေါ်ယူချီးမြှင့် သွားမည်ဟု သက်ဆိုင်ရာ ဌာန၏ ထုတ်ပြန်ချက် များအရ သိရသည်။

အဆိုပါ ပညာဆု ပေးအပ် ချီးမြှင့်ခြင်းကို အီးယူ ၏ Erasmus Mundus Programme အစီအစဉ်အရ EMMAsia 2014 ၏ ဒုတိယ အကြိမ် ပညာသင်ဆု လျှောက်လွှာ အဖြစ် ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

EMMA သည် အီးယူ၏ Erasmus Mundus Programme အဖြစ် အာရှနှင့် ဥရောပ မိတ်ဖက်နိုင်ငံ များမှ Undergraduate Master နှင့် Ph.D ကျောင်းသားများ၊ ဝန်ထမ်းများ၊ ပြည်ပ နိုင်ငံများရှိ တက္ကသိုလ် များတွင် တစ်သီးပုဂ္ဂလ ကူးလူး ပညာ သင်ကြား နိုင်ရေးအတွက် ငွေကြေး ပံ့ပိုး ပေးသော အစီအစဉ် တစ်ခုဖြစ်သည်။

''အီးယူက Erasmus Mundus Programme အရ ဒုတိယ အကြိမ် ပညာသင်ဆု ကို အောက်တိုဘာလ ၁ ရက်တွင် စတင် ခေါ်ယူမှာ ဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်မှာ လျှောက်လွှာ ပိတ်မှာပါ။ ဒီ အစီအစဉ်ကို University of Nice ( France ) က Programme Co-ordinator အဖြစ် အဓိက ဆောင်ရွက်တာ ဖြစ်ပြီး University of Da Nang ( Vietnam ) က တွဲဖက် ညှိနှိုင်း ဆောင်ရွက်တဲ့ တက္ကသိုလ်ပါ။ ပညာသင်ဆု လျှောက်ထား လိုသူ တွေအနေနဲ့ အသေးစိတ် အချက်အလက် တွေကို့  http://emmasia.udn.vn တွင် လေ့လာ ကြည့်ရှု နိုင်ပါတယ် ... '' ဟု တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အီးယူမှ ခေါ်ယူ ချီးမြှင့်မည့် ပညာသင်ဆု ကိုးခုမှာ Undergraduate သင်တန်းသား သုံးဦး၊ Master သင်တန်းသား လေးဦး၊ Doctorate သင်တန်းသား တစ်ဦး နှင့် PostDoctorate သင်တန်းသား တစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

အတာ

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger