www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 14, 2014

လော့စ်အိန်ဂျလိစ် သဘာဝသမိုင်းပြတိုက် ၌ ကမ္ဘာ့ အရှားပါးဆုံး " Blue Moon " အမည်ရှိ စိန်ပြာကို ထုတ်ဖော်ပြသ


တန်ဖိုးသတ်မှတ်ထားခြင်း မရှိသေးသည့် " Blue Moon " စိန်ပြာ

လော့စ်အိန်ဂျလိစ် ၊ ၁၄-၉-၂၀၁၄

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျလိစ် မြို့အတွင်းရှိ သဘာဝ သမိုင်း ပြတိုက်တွင် ကမ္ဘာ့ အရှားပါးဆုံး ကျောက်မျက် ရတနာများ အနက် တစ်ခု အပါအဝင် ဖြစ်သည့် ၁၂ ကာရက် အလေးချိန် ရှိပြီး " Blue Moon " အမည်ရှိ ရှားပါး စိန်ပြာ တစ်လုံးအား စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ဖော် ပြသ ထားသည်ဟု သိရသည်။

အပြာရင့်ရောင် ရှိပြီး အလင်းရောင်များ တလက်လက် ဖြာထွက် နေသည့် " Blue Moon " အမည်ရှိ အဆိုပါ ရှားပါး စိန်ပြာကို တောင်အာဖရိက နိုင်ငံ၏ မြို့တော် ပရစ်တိုးရီးယားမြို့ အရှေ့ မြောက်ပိုင်းရှိ Cullinan သတ္တုတွင်းမှ တူးဖော်ရရှိခဲ့ခြင်း ဖြစ်ပြီး ယင်း သတ္တုတွင်းသည် လွန်ခဲ့သော ရာစုနှစ် တစ်ခုအတွင်း ရှားပါးစိန် များကို တူးဖော်ေ တွ့ရှိခဲ့သည့် သတ္တုတွင်း တစ်တွင်း ဖြစ်သည် ဟုသိရသည်။

ရှားပါး စိန်ပြာ အမျိုးအစား ဖြစ်သည့် Blue Moon စိန်ကို တွေ့ရှိ ခဲ့ရခြင်းသည် သမိုင်းဝင်သည့် ရှာဖွေ တွေ့ရှိမှု တစ်ခုဖြစ်ပြီး လက်ရှိ အချိန်တွင် Blue Moon စိန်ပြာထက် တန်ဖိုးကြီးသည့် စိန်ပြာများမှာ အမေရိကန် ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိ " Heart of Etemity " စိန်ပြာ နှင့် ၄၅ ကာရက်ရှိပြီး အမေရိကန် ဒေါ်လာ သန်း ၃၅ဝ တန်ဖိုးရှိ " Hope " စိန်ပြာ အပါအဝင် အနည်းငယ်သာ ရှိကြောင်း ကိုရာ နိုင်ငံတကာ စိန် ထုတ်လုပ်ရေး ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဆူဇက်တီဂိုးမက်ဇ် က ပြောကြားသည်။


အမေရိကန်ဒေါ်လာ ၁၆ သန်းတန်ဖိုးရှိ " Heart of Etemity " စိန်ပြာ

အမေရိကန်ဒေါ်လာ ၃၅၀ သန်းတန်ဖိုးရှိ " Hope " စိန်ပြာ

" Blue Moon " စိန်ပြာ၏ တန်ဖိုးကို အတိအကျ မသတ်မှတ် ရသေး သော်လည်း ကိုရာ စိန် ထုတ်လုပ်ရေး ကုမ္ပဏီ အနေဖြင့် " Blue Moon " စိန်ပြာ အရိုင်းတုံးကို အမေရိကန် ဒေါ်လာ ၂၆ သန်းဖြင့် ဝယ်ယူခဲ့ရကြောင်း ဂိုးမက်ဇ် က ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger