www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 11, 2014

တစ်နှစ်သင်ယူရသော မူလတန်းပြ ဆရာအတတ်သင် သင်တန်းကို ပညာရေးကောလိပ် များတွင် လေးလဖြင့် အတတ်သင်ကြား စနစ် စတင်တော့မည်


မုံရွာ ၊ ၁၁-၉-၂၀၁၄

နှစ်စဉ် သင်တန်းကာလ တစ်နှစ် တက်ရောက် ပညာသင်ကြား ရသော မူလတန်းပြ ဆရာ အတတ်သင် သင်တန်းသား၊ သင်တန်းသူများ သည် လာမည့် ပညာသင်နှစ် ကာလမှ စတင်၍ လေးလဖြင့် အတတ်သင် စနစ်ကို ပြောင်းလဲ သင်ကြား ပေးတော့မည် ဖြစ်ကြောင်း မုံရွာ ပညာရေး ကောလိပ် ဦးစီးအရာရှိ ထံမှ သိရသည်။ 

တက်ရောက် သင်ကြားရမည့် လေးလတာ သင်တန်း ကာလအတွင်း ယခင် တစ်နှစ်သင်တန်း ကဲ့သို့ ဘာသာရပ် ၁၃ မျိုး တက်ရောက် သင်ယူရမည် ဖြစ်ပြီး လေးလတာ သင်တန်းပြီးပါက ကျွမ်းကျင်မှု ဒီပလိုမာဘွဲ့ (မူလတန်းပြ) ကို ရရှိမည် ဖြစ်ကာ မူလတန်းပြ ဆရာ၊ ဆရာမ အဖြစ် တာဝန်ကျရာသို့ သွားရောက် သင်ကြားပြသ ရမည် ဖြစ်သည်။ ယခင်က တစ်နှစ်သင်တန်း အဖြစ် မူလတန်း နှင့် အလယ်တန်း ဟူ၍ နှစ်မျိုးရှိသည့် အနက် မူလတန်း သာ လေးလသင်တန်း အဖြစ် ပြောင်းလဲ သော်လည်း အလယ်တန်း အတတ်သင် သင်တန်းကို တစ်နှစ်ကာလ ပင် သတ်မှတ် သင်ကြား ပေးနေကြောင်း သိရသည်။

မုံရွာပညာရေး ကောလိပ် အပါအဝင် မြန်မာနိုင်ငံ အတွင်းရှိ ပညာရေး ကောလိပ် ၂၁ ကျောင်းတွင် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် သြဂုတ်လမှ စတင်၍ ပညာရေး ဝန်ကြီးဌာန ပညာရေး စီမံကိန်း နှင့် လေ့ကျင့်ရေး ဦးစီးဌာန နှင့် ဗြိတိသျှကောင်စီ တို့ ပူးပေါင်း၍ လုပ်အားပေး ဆရာ၊ ဆရာမများ အဖြစ် နိုင်ငံခြားသား ဦးရေ ၅ဝ မှ အင်္ဂလိပ်စာ အရည်အသွေး မြှင့်တင်ရန် အတွက် ၂၄ လ (နှစ်နှစ်) သင်တန်းကို ပို့ချ ပေးလျက် ရှိသည်။ 

ထိုသို့ သင်ကြား ပေးရာတွင် မုံရွာပညာရေး ကောလိပ်၌ ကျောင်းဖွင့်ရက် များတွင် စာသင်ခန်း ခြောက်ခန်း ခွဲ၍ နံနက်၊ နေ့လယ် နှင့် ညနေ တို့တွင် နှစ်ချိန်စီ ခွဲ၍ သင်ကြားပေး လျက် ရှိကြောင်း သိရသည်။

မုံရွာပညာရေး ကောလိပ် အတွင်း သံလွင်ဆောင် နှင့် ပင်လုံဆောင် များတွင် ကျောင်းသားများ ကိုလည်းကောင်း၊ ကံ့ကော်ဆောင်၊ အင်ကြင်းဆောင် နှင့် သရဖီဆောင် တို့တွင် ကျောင်းသူများ ကိုလည်းကောင်း ကျောင်းအိပ်၊ ကျောင်းစား အဖြစ် နိုင်ငံတော်မှ ပံ့ပိုးပေးထားရာ လက်ရှိ တက်ရောက် နေသော သင်တန်းသား ဦးရေ မှာ အမှတ်စဉ် (၁၇/၂ဝ၁၂) ဒုတိယနှစ် ၂၇၄ဦးနှင့် DTEC အမှတ်စဉ် (၁ဝ/၂ဝ၁၄) တွင် ၃၅၅ ဦး စုစုပေါင်း ၆၂၉ ဦး တက်ရောက် သင်ကြားလျက် ရှိကြောင်း သိရှိရသည်။ (၃၃၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger