မကွေး မြသလွန် စေတီတော်မြတ်
မကွေး ၊ ၁၉-၉-၂၀၁၄
မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့၏ သမိုင်းဝင် အထင်ကရ နေရာ ဖြစ်သည့် မြသလွန် စေတီတော်မြတ် ၏ ၂၅၇၈ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီး ကို ကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဘုရားပွဲတော် ၌ အလှခတ် ခြင်းကွင်း၊ ရဟတ်ကွင်း၊ ကလေး ကစားကွင်း၊ ဖိုးချစ်ဇာတ် အပါအဝင် ဇာတ်ပွဲ(၃) ပွဲတို့ကို ထည့်သွင်း ကျင်းပရန် စီစဉ် ထားရှိကာ လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန်၊ အထည် အလိပ်နှင့် ကလေး ကစားစရာ ပစ္စည်းဆိုင်များ၊ နိဗ္ဗာန်ကုန်များ ခင်းကျင်း ရောင်းချ သွားမည် ဖြစ်သည်။
ဘုရားပွဲတော်လာ ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု အဖြစ် တိုင်းရင်း ဆေးခန်း တစ်ခန်း၊ ခေတ်မီ ဆေးခန်း တစ်ခန်း ထားရှိ သွားမည်ဖြစ်ကာ ဘုရား ပွဲတော်တွင်း လုံခြုံရေး နှင့် ယာဉ်စည်းကမ်း ကို ယမန်နှစ် များထက် တိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်သည်။
မြသလွန် စေတီတော် ရင်ပြင်နှင့် ဂူ၊ ဘုရား၊ တန်ဆောင်း စသည့်ဌာန အသီးသီးတွင် လုံခြုံရေး နှင့် အကူအညီ ပေးရေးအတွက် CCTV ကင်မရာ ၂၈ လုံး တပ်ဆင်ထားလျက် ရှိသည်။ အလှူအတန်း တွင် မွေ့လျော်သော ဗုဒ္ဓဘာသာဝင် များအတွက် ထူးခြားသော တိုက်ဆိုင်မှု တစ်ခုအဖြစ် ပဉ္စမ အကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းများ ကပ်လှူ ပူဇော်ခွင့် ကြုံကာ လှူဒါန်းငွေ များဖြင့် ရွှေဆိုင်းပေါင်း ၆၂ဝဝ၊ ကုန်ကျငွေ ကျပ်သိန်းပေါင်း ၂၉ဝဝ ကျော် အသုံးပြု ကပ်လှူ ပူဇော် သွားမည် ဖြစ်သည်။
၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်း အတွင်း လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်မှု ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက် သွားမည် ဖြစ်၍ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ အနေဖြင့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးနှင့် တိုက်ဆိုင်စွာ ကုသိုလ် ဒါနများ ရယူနိုင်မည် ဖြစ်ကြောင်း သာသနာ့ အကျိုးတော်ဆောင် များထံမှ သိရသည်။
ဇေယျတု (မကွေး)
#Yadanarpondaily






No comments:
Post a Comment