www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 15, 2014

ရန်ကုန် မြို့ပတ်ရထားများ လက်မှတ်ခ အသွားအပြန် ငွေကျပ် ၁ဝဝ အစား အသွား ငွေကျပ် ၁ဝဝ အပြန် ငွေကျပ် ၁ဝဝ နှုန်း ပြောင်းလဲ ကောက်ခံရန်စီစဉ်



ရန်ကုန် ၊ ၁၅-၉-၂၀၁၄

မြန်မာ့မီးရထားမှ ပြေးဆွဲလျက် ရှိသော ရန်ကုန် မြို့ပတ်ရထား များ၌ မြို့တစ်ပတ်လုံး အသွားအပြန် လက်မှတ်ခ ငွေကျပ် ၁ဝဝ မှ အသွား ငွေကျပ် ၁ဝဝ၊ အပြန် ငွေကျပ် ၁ဝဝ သို့ ပြောင်းလဲ ကောက်ခံ သွားရန် စီစဉ်လျက် ရှိကြောင်း မြန်မာ့ မီးရထား တိုင်း (၇) မှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးဇော်ဖေစိန် က ပြောသည်။

ရန်ကုန် မြို့ပတ်ရထားများ ပြေးဆွဲ ရာတွင် အဲယားကွန်း ရထားများကို လက်မှတ်ခ ငွေကျပ် ၄ဝဝ မှ ၃ဝဝ အထိ လျှော့ချခဲ့ပြီး ငွေကျပ် ၃ဝဝ တန် အထူးရထား များကို ငွေကျပ် ၂ဝဝ အထိ လျှော့ချ ခဲ့သော်လည်း ငွေကျပ် ၁ဝဝ တန် ရထားများကို အသွား ငွေကျပ် ၁ဝဝ၊ အပြန် ငွေကျပ် ၁ဝဝ ဖြင့် ပြောင်းလဲ ကောက်ခံ သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

''ရန်ကုန်မြို့ပတ် ရထား ပြေးဆွဲတဲ့ အခါမှာ တစ်နေ့ကို ၁ဝ သိန်း ဝန်းကျင်လောက် ရှုံးတယ်။ ဆီဖိုးကို မရတာ။ ဆီဖိုးလေး ကာမိအောင်ပဲ ဆိုရင် လက်ရှိ ၁ဝဝ ကျပ် တန်ရထား စီးနေတဲ့ ခရီးသည်က တစ်နေ့ကို ၂၅ဝဝဝ ရှိနေတယ်။ အသွားအပြန် ၁ဝဝ ယူမယ့် အစား အသွား ၁ဝဝ၊ အပြန် ၁ဝဝ ယူမယ်ဆိုရင် ရထားအတွက် ဆီဖိုးလည်း ကာမိမယ်။ ပြေးဆွဲ နေတဲ့ ရထားတွေ ကိုလည်း ဒီထက် ပိုကောင်း အောင် တိုးချဲ့ လုပ်ကိုင် နိုင်တာပေါ့'' ဟု ၄င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မြို့ပတ်ရထား များသည် ခရီးသွား ပြည်သူများ အဆင်ပြေစွာ သွားလာ နိုင်ရန်အတွက် တစ်နေ့လျှင် ၂၁၅ ခေါက် ပြေးဆွဲပေးလျက် ရှိပြီး မြို့ပတ်ရထား များတွင် လက်မှတ်စစ် ပေါင်း ၉ဝ ကျော် ခန့်အပ် ထားကြောင်း သိရသည်။

ယခု လက်ရှိ ပြေးဆွဲလျက် ရှိသော ငွေကျပ် ၁ဝဝ တန် ရထားကို တစ်နေ့လျှင် ခရီးသည် ပေါင်း ၂၅ဝဝဝ ခန့် စီးနင်း လိုက်ပါ လျက်ရှိ သောကြောင့် အသွား ငွေကျပ် ၁ဝဝ၊ အပြန် ငွေကျပ် ၁ဝဝ ပြောင်းလဲ ကောက်ခံ လိုက်ပါက မြန်မာ့ မီးရထား အနေဖြင့် အဆင်ပြေ မည့်အပြင် ခရီးသွား ပြည်သူများ အနေဖြင့် လည်း သက်သောင့် သက်သာဖြင့် မိမိတို့ လိုရာခရီးသို့ သွားလာ နိုင်မည် ဖြစ်ကြောင်းသိရသည်။

ဆုလာဘ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger