www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, September 6, 2014

ကမ္ဘာလုံးဆိုင်ရာ အပူလှိုင်းပြတ်ရွေ့ သည် အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းသို့ ရောက်ရှိနိုင်



ချစ်အိဇင်

၂ဝ ရာစု နှောင်းပိုင်း ကာလတွင် လျင်မြန်စွာ ပြောင်းလဲ ဖြစ်ပေါ် ခဲ့သော ကမ္ဘာလုံး ဆိုင်ရာ ပူနွေးမှုသည် လွန်ခဲ့သော ၁၅ နှစ်ကာလ အတွင်း မည်သည့် အတွက်ကြောင့် တဖြည်းဖြည်း လျော့နည်း ကျဆင်း လာသည်ကို အမေရိကန်ြ ပည်ထောင်စု နှင့် တရုတ်နိုင်ငံ တို့မှ သုတေသီ များက ရှင်းလင်း ပြောကြား ခဲ့သည်။

ကမ္ဘာလုံး ဆိုင်ရာ အပူလှိုင်း ပြတ်ရွေ့သည် ထုထည် ကြီးမားသော အပူလှိုင်း ရွေ့လျားမှု ဖြစ်ပြီး ရေတိမ်ပိုင်း ဒေသ များမှသည် အတ္တလန္တိတ် ဒေသနှင့် တောင်ပိုင်းစွန်း သမုဒ္ဒရာ ရေနက်ပိုင်း ဒေသများသို့ ရွေ့လျားလျက် ရှိကြောင်း သုတေသီ များက ပြောကြား ခဲ့သည်။

လေထု ညစ်ညမ်းမှု၊ မီးတောင် ပေါက်ကွဲမှု နှင့် နေလောင်ဒဏ် ခံစားရမှုများ တဖြည်းဖြည်း လျော့နည်း သွားကြောင်း သီအိုရီ များဖြင့် အဆိုပြု တင်ပြ ထားသော်လည်း ဆယ်စုနှစ် တစ်စုကျော် ကြာသည်အထိ အပူလှိုင်း ကျရောက်မှု ပျောက်ဆုံး နေသည်ကို သုတေသန ပညာရှင်များ ရှင်းလင်း တင်ပြ နိုင်ခဲ့ခြင်း မရှိပေ။ အပူလှိုင်း ပြတ်ရွေ့မှုနှင့် ပတ်သက်၍ အပတ်စဉ် ရှင်းလင်းချက် များ ထုတ်ပြန် ခဲ့သော်လည်း အများစုသည် ကမ္ဘာ့ မြေမျက်နှာပြင် အပေါ်ယံ အလွှာရှိ လက္ခဏာ များကိုသာ အလေးထား လေ့လာ ခဲ့သဖြင့် အပူလှိုင်းနှင့် ပတ်သက်၍ မတူ ကွဲပြားသော အခြား ဆက်စပ် သွင်ပြင် လက္ခဏာ များကိုသာ တွေ့ရှိ ခဲ့ကြသည်။

ထို့ကြောင့် ပညာရှင် များသည် ပင်လယ်အောက် ကြမ်းပြင်၌ ဖြစ်ပွား နေသည့် အကြောင်း အရင်းကို ရှာဖွေ ဖော်ထုတ် နိုင်ရန်အတွက် သမုဒ္ဒရာ များကို စတင် စူးစမ်း လေ့လာခဲ့ ကြသည်။ တရုတ်နိုင်ငံ အဏ္ဏဝါ လေ့လာရေး တက္ကသိုလ်သည် ပင်လယ် နက်ပိုင်းရှိ ရေအပူချိန်ကို လေ့လာရန် ရေအနက် မီတာ ၂ဝဝဝ မှ ပင်လယ်ရေကို နမူနာယူ၍ စမ်းသပ်မှုများ ပြုလုပ်ခဲ့ ကြသည်။

လေ့လာ ရရှိသော အချက်အလက် များအရ ၁၉၉၉ ခုနှစ် ဝန်းကျင်ကာလ များတွင် အပူလှိုင်းသည် အတ္တလန္တိတ် နှင့် တောင်ပိုင်း သမုဒ္ဒရာများ အတွင်းသို့ စိမ့်ဝင်လျက် ရှိကြောင်း လေ့လာတွေ့ရှိ ခဲ့ရသည်။ ထိုအချိန် ကာလ၌ ၂ဝ ရာစုနှစ် အပူလှိုင်း ကျရောက်မှု ရုတ်တရက် ရပ်ဆိုင်း သွားသည်ကို တွေ့ရှိ ရသည်။ လေ့လာ တွေ့ရှိချက်များ အရ ပစိဖိတ် သမုဒ္ဒရာ ကြမ်းပြင်သည် အပူလှိုင်း ခိုအောင်းရာ နေရာ ဖြစ်နေကြောင်း သီအိုရီ များက ထောက်ပြလျက် ရှိသည်။ မည်သို့ပင် ဆိုစေကာမူ လေ့လာ တွေ့ရှိသည့် အချက်အလက် များက လုံးဝ ခိုင်လုံကြောင်း သက်သေ ပြလျက်ရှိပြီး အခြား အကြောင်းအရင်း မရှိဟု ဆိုသည်။ ဆားဓာတ် ပါဝင်သည့် ရေစီးကြောင်း တွင် ရုတ်တရက် ရွေ့လျား ပြောင်းလဲ မှုသည် ရေနက်ပိုင်း ဒေသသို့ အပူလှိုင်း ရွေ့လျားမှုကို အစပျိုး ပေးနိုင်မှု ကြောင့်ဟု သုတေသန ပညာရှင်များက အကြံပြု ပြောကြားသည်။ မကြာမီ ကာလအတွင်း က မြောက် အတ္တလန္တိတ် သမုဒ္ဒရာ ကြမ်းပြင်ကို လေ့လာ ခဲ့ရာတွင် ဆားဓာတ် လွန်ကဲစွာ ပါဝင် နေသည်ကို တွေ့ရှိရပြီး တစ်ချိန်တည်းမှာပင် မြောက် အတ္တလန္တိတ် သမုဒ္ဒရာ ရေနက်ပိုင်းတွင် အပူချိန် လွန်ကဲ နေသည်ကို တွေ့ရှိ လာခဲ့သည်။

လေးလံသော ရေသည် ပေါ့ပါးသော ရေပေါ်သို့ ရောက်ရှိ ချိန်တွင် လျင်မြန်စွာ စိမ့်ဝင် ထိုးဆင်း လာပြီး ၄င်းရေနှင့် အတူ အပူချိန်ပါ တစ်ပါတည်း ပါလာသည်။ အကျိုးဆက် အနေဖြင့် အတ္တလန္တိတ် သမုဒ္ဒရာ၌ နှေးကွေးစွာ စီးဆင်း နေသော ရေစီးကြောင်း သည် ဝင်ရိုးစွန်း နှစ်ခု အကြားတွင် အပူချိန်ကို သယ်ဆောင် ပေးလျက်ရှိရာ ၂၁ ရာစု အစောပိုင်း ကာလတွင် အပူချိန်ကို သမုဒ္ဒရာ ရေနက်ပိုင်း မီတာ ၁၅ဝဝ အထိ ရောက်ရှိအောင် လျင်မြန်စွာ သယ်ဆောင် ပေးခဲ့သည် ဟု သုတေသီ များက ပြောကြား ခဲ့သည်။

၁၉၄၅ ခုနှစ်နှင့် ၁၉၇၅ ခုနှစ်ကြား တွင် အပူလှိုင်း ပြတ်ရွေ့ တစ်ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း၊ ၄င်း ဖြစ်ရပ်ကြောင့် ပြည်သူများ သည် ရေခဲခေတ် ( Ice Age ) များ စတင် လာပြီလားဟု စိုးရိမ် ပူပန်မှုများ ဖြစ်ပေါ်ခဲ့ ရသည့် သမိုင်း အထောက်အထား များကိုလည်း သုတေသီ များက လေ့လာ ဖော်ထုတ် နိုင်ခဲ့သည်။ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း အပူလှိုင်း ပြောင်းလဲမှု စက်ဝန်း သံသရာသည် နှစ် ၃ဝ ကြာ အပူလှိုင်း ကျရောက် ပြီးနောက် နှစ် ၃ဝ ကြာ အအေးလှိုင်း ကျရောက် နိုင်သည်ဟု သုတေသီ များက သုံးသပ် ထားသည်။

ဆားဓာတ် ပါဝင်ပြီး ထပ်တလဲလဲ ဖြစ်ပေါ် နေသော ရေစီးကြောင်း စက်ဝန်းသည် အတ္တလန္တိတ် နှင့် တောင်ပိုင်း သမုဒ္ဒရာ တို့တွင် အပူချိန်များ စုစည်း သိုလှောင် နိုင်ကြောင်း၊ သမုဒ္ဒရာ ကြမ်းပြင်တွင် ပူနွေးမှု အခြေအနေ ပြောင်းလဲ ဖြစ်ပေါ်မှု နှစ် ၃ဝ ကြာ ဖြစ်ပေါ် ပြီးနောက် အေးမြသော အခြေအနေ ပြောင်းလဲမှု နှစ် ၃ဝ ကြာ ဖြစ်ပေါ် လာတော့မည် ဖြစ်ကြောင်း၊ သမိုင်း အထောက်အထား အရ အလားတူ ဖြစ်ရပ်သည် နှစ်ပေါင်း ၃ဝ ခန့်သာ ကြာမြင့် သောကြောင့် လက်ရှိ ဖြစ်ပေါ် နေသော ကမ္ဘာလုံးဆိုင်ရာ အပူချိန် လျော့နည်း လာမှုသည် နောက်ထပ် ၁၅ နှစ် ခန့်သာ ကြာမြင့် နိုင်ပြီး ၄င်း အချိန် ရောက်ရှိ လာပါက တစ်ကျော့ပြန် ပူနွေး လာမည်ဟု သုတေသီ များက သုံးသပ် ထားကြောင်း လေ့လာ သိရှိ နိုင်ရန် ရေးသား တင်ပြ လိုက်ရ ပါသည်။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger