www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 24, 2014

အသားတိုးကြက်မွေးမြူသည့် စနစ်ကို ခြံလှောင် မွေးမြူရေးစနစ်မှ အအေးပေး မွေးမြူရေးစနစ်သို့ ပြောင်းလဲ ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၄-၉-၂၀၁၄

အိမ်နီးချင်း နိုင်ငံများနှင့် ဈေးကွက် ယှဉ်ပြိုင် နိုင်ရေးအတွက် လက်ရှိ မွေးမြူနေသည့် နည်းစနစ်မှ ခေတ်မီ နည်းစနစ်ဖြင့် ပြောင်းလဲမွေးမြူ ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ် အသားတိုးကြက် မွေးမြူရေး လုပ်ငန်းမှ သိရသည်။

လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများ၏ အသားတိုးကြက် မွေးမြူ ထုတ်လုပ် နေသည့် နည်းစနစ်မှာ မြန်မာနိုင်ငံ၌ လက်ရှိ မွေးမြူနေသည့် ခြံလှောင် မွေးမြူသည့် နည်းစနစ်နှင့် နှိုင်းယှဉ်လျှင် ကုန်ကျစရိတ် နှင့် ကုန်ပစ္စည်း
ထုတ်လုပ် နိုင်မှုမှာ သာလွန် ကောင်းမွန် နေသဖြင့် ပြည်တွင်း အသားတိုးကြက် မွေးမြူသည့် နည်းစနစ်ကို ပြောင်းလဲ မွေးမြူကြ ရမည် ဖြစ်သည်။

ထို့ကြောင့် လက်ရှိ မွေးမြူနေသည့် ခြံလှောင် မွေးမြူရေး စနစ်မှ အအေးပေး မွေးမြူရေး စနစ်သို့ ပြောင်းလဲ မွေးမြူ လုပ်ကိုင် ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အပြင် လက်ရှိ အသားတိုးကြက် မွေးမြူရေး လုပ်ငန်း အနေဖြင့် ကြက်ခြံ တစ်ခြံတွင် ကြက်ကောင်ရေ သုံးထောင်မှ ငါးထောင် အထိသာ မွေးမြူ နေရာမှ ကြက်ကောင်ရေ တစ်သောင်း အထိ တိုးချဲ့မွေးမြူ နိုင်ရေးအတွက် လုပ်ကိုင် ဆောင်ရွက် ကြရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက် နိုင်ရေး အတွက် မွေးမြူရေး ဆိုင်ရာ စီမံကိန်း ရေးဆွဲ၍ အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်သည်။ အဆိုပါ အသားတိုးကြက် မွေးမြူရေး စနစ် ပြောင်းလဲ မွေးမြူနိုင်ရေး အတွက် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနမှ နည်းပညာ၊ ငွေကြေး အရင်းအနှီး၊ နှစ်ရှည် ချေးငွေများ ထုတ်ချေး သွားရန် အတွက်လည်း စီစဉ်ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် ပြည်တွင်း အသားတိုးကြက် မွေးမြူ ထုတ်လုပ်မှု ကုန်ကျစရိတ် များမှာ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်မှု တန်ဖိုး မြင့်မား နေသဖြင့် မွေးမြူသည့် နည်းစနစ် ပြောင်းလဲရန် စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်သည်။ အသားတိုးကြက် မွေးမြူရေး ကဏ္ဍသည် လက်ရှိ ပြည်တွင်း စားသုံးမှုတွင် အရေးပါသည့် ကဏ္ဍတစ်ခု ၌ ပါဝင် နေသည့် အတွက် အသားတိုးကြက် မွေးမြူသည့် နည်းစနစ် ပြောင်းလဲ မွေးမြူမည့် အစီအစဉ်မှာ အသားတိုးကြက် မွေးမြူ ထုတ်လုပ်သူ များနှင့် စားသုံးသူ များအတွက် ပါ အကျိုး ရလဒ်ကောင်းများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ ။

ဇာညီသစ္စာ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger