www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 12, 2014

စာတတ်သူတိုင်း စာဖတ်လို့ ရလဒ်ကောင်းကို ယူနိုင်ဖို့


စာတတ်သူတိုင်း စာဖတ်လို့ ရလဒ်ကောင်းကို ယူနိုင်ဖို့

( အယ်ဒီတာ့အာဘော် )

၂၁ ရာစု မျက်မှောက်ကာလ လူ့ အဖွဲ့အစည်း ၏ ငြိမ်းချမ်း သာယာ ဝပြောရေး အတွက် ကမ္ဘာ့နိုင်ငံ များ၌ ပြည်သူတို့၏ စာတတ်မြောက် ရေး လုပ်ငန်းကို ပြည်သူအားလုံး ပါဝင် ဆောင်ရွက် ရမည့် အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ခံယူ၍ နိုင်ငံတကာ အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် ပူးပေါင်း ဆောင်ရွက် နေကြသည်။ 

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်နှုန်း မြင့်မားရေး အတွက် ကျောင်းသင် ပညာရေး နှင့် ကျောင်းပြင်ပ ပညာရေး ဟူသော နည်းလမ်း နှစ်သွယ်ဖြင့် ဆောင်ရွက်လျက် ရှိသည်။ ပြည်ထောင်စု တစ်ဝန်းလုံး တွင် မူလတန်း အဆင့် ၂၉၇၆၂ ကျောင်း၊ မူလတန်းလွန် အဆင့် ၆၆၆၄ ကျောင်း၊ အလယ်တန်း အဆင့် ၃၂၆၇ ကျောင်း၊ အထက်တန်း အဆင့် ၂၄၆ဝ ကျောင်းတို့ကို အသီးသီး ဖွင့်လှစ် သင်ကြား ပေးလျက်ရှိရာ အခြေခံပညာ အဆင့်တွင် ကျောင်းပေါင်း ၄၂၁၅၃ ကျောင်း ဖွင့်လှစ် သင်ကြား ပေးနိုင်ပြီ ဖြစ်သည်။

ထို့အပြင် ၂ဝ၁၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုတွင် တိုင်းဒေသကြီး များနှင့် ပြည်နယ် များရှိ မြို့နယ်များ၌ စာသင်ဝိုင်းပေါင်း ၄၃၄၃ ခု ဖွင့်လှစ် သင်ကြား ပေးခဲ့သည်။ နိုင်ငံတော် အတွင်း သက်ကြီး စာတတ်မြောက်မှုနှုန်း ကို ၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ က စစ်တမ်း ကောက်ယူခဲ့ရာ သက်ကြီး စာတတ် မြောက်မှုနှုန်း ၉၅ ဒသမ ဝ၈ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

နိုင်ငံတော် အစိုးရသည် လုပ်ငန်းခွင် ပြောင်းရွှေ့ လုပ်ကိုင် နေကြသည့် မိသားစုဝင် များ၏ ကလေးငယ်များ ပညာသင်ကြား နိုင်ရေးအတွက် ရွေ့လျား ကျောင်းများ ဖွင့်လှစ် သင်ကြား ပေးလျက်ရှိပြီး လူတိုင်း အကျုံးဝင်သော ပညာရေးကို ဖော်ဆောင် ပေးလျက် ရှိသည်။ လာမည့် ၂ဝ၁၅ ခုနှစ်တွင် ကျောင်းနေအရွယ် ကလေးများ အားလုံး အခမဲ့ မသင်မနေရ ပညာရေး စနစ်၊ အရည်အသွေး ကောင်းမွန်သည့် အခြေခံ ပညာကို ပြီးဆုံးအောင် သင်ယူခွင့် ရရှိရေး၊ လူတိုင်း အတွက် လုပ်ငန်း အခြေပြု စာတတ် မြောက်ရေး နှင့် စဉ်ဆက်မပြတ် ပညာရေး တို့ကို အကောင် အထည်ဖော် ရာ၌ တိုင်းဒေသကြီး များနှင့် ပြည်နယ် အစိုးရများက ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ အမျိုးသား ရေးလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်လျက် ရှိသည်။

ပြည်သူများ စာတတ်မြောက် ခြင်းဖြင့် မိမိတို့ဘဝ လုံခြုံရေး၊ ကျန်းမာရေး နှင့် စီးပွားရေး တို့အတွက် အချိန် နှင့် တစ်ပြေးညီ ဖြစ်ပေါ်လာသည့် သတင်း အချက်အလက် များကို ရယူနိုင်ပြီး အသက်မွေး ဝမ်းကျောင်းမှုကို ရွေးချယ်နိုင်သည့် အခွင့်အလမ်းများ ပိုမို ကျယ်ပြန့်လာကာ သဘာဝ ပတ်ဝန်းကျင် အပြောင်းအလဲ ကြောင့် ဖြစ်ပေါ် လာသော အခက်အခဲ များကို ရင်ဆိုင်ကျော်လွှား နိုင်မည် ဖြစ်သည်။

ဤသို့သော အခြေအနေ ကောင်းနှင့် ရလဒ်ကောင်း များ ရရှိနိုင်ရန် မြန်မာနိုင်ငံ ကျေးရွာ စာကြည့်တိုက်များ ဖောင်ဒေးရှင်းကို ၂ဝဝ၄ ခုနှစ်တွင် ယခင် အစိုးရ လက်ထက်မှ စတင် ထူထောင် အကောင် အထည်ဖော် ခဲ့ရာ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာတွင် ကျေးရွာပေါင်း ၆၄၉၈၉ ရွာ၌ ကျေးရွာ ကိုယ့်အား ကိုယ်ကိုး စာကြည့်တိုက် ၅၅၇၅ ၅ အထိ တည်ထောင် နိုင်ခဲ့သည်။ ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ထူထောင်ခဲ့သည့် ရည်ရွယ်ချက် များမှာ ကျေးလက် ပြည်သူများ အသိပညာ နှင့် ဗဟုသုတ မြင့်မားစေရန်၊ ကျေးလက် ပြည်သူများ မီဒီယာ ကိုယ်ခံစွမ်းအား ကောင်းစေရန်၊ ဒီမိုကရေစီကို မှန်မှန်ကန်ကန် အနှစ်သာရ ရှိရှိ ဖော်ဆောင်နိုင်ရန် တို့ ဖြစ်သည်။

သို့ဖြစ်၍ လူ့အဖွဲ့အစည်း အတွက် အခြေအနေ ကောင်းနှင့် ရလဒ်ကောင်း များကို ဖော်ဆောင် ပေးနိုင်မည့် ကျေးရွာ ကိုယ့်အား ကိုယ်ကိုး စာကြည့်တိုက်များ ရေရှည် တည်တံ့ရေး တိုင်းရင်းသား ပြည်သူ အပေါင်းတို့က ဝိုင်းဝန်း ကြိုးပမ်း ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger