www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 12, 2014

ဆီဆိုင်မြို့နယ် ကယန်းကလေးရွာ နှင့် သုံးမိုင်အကွာရှိ သစ်တောကြီးများကို ခုတ်ထွင်နေ



ဆီဆိုင် ၊ ၁၂-၉-၂၀၁၄

ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်၊ ကယန်းကလေး ကျေးရွာ နှင့် (၃)မိုင် အကွာတွင် ရှိသော အထင်ကရ သစ်တောကြီး များကို ခုတ်ထွင်လျက် ရှိကြောင်း မျက်မြင် တွေ့မြင် ရသည့် ဒေသခံများထံမှ သိရသည်။

အဆိုပါ သစ်တောကြီးများ ခုတ်ထွင်မှုကို သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့၊ စည်ပင်ဌာန၊ သစ်တော ဌာန နှင့် မြေစာရင်းဌာန တို့က ပူးပေါင်း လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု သိရသည်။

အထင်ကရ သစ်တောကြီးများ ကို ခုတ်ထွင် ရှင်းလင်း နေသည်ကို မျက်မြင် တွေ့ရှိခဲ့သူ ဒေသခံ တစ်ဦးက ''ရှမ်းပြည်နယ် အပိုင် ကယန်းကလေး ကျေးရွာ နဲ့ သုံးမိုင်အကွာ လွိုင်ကော်မြို့ ဘက် အထွက်မှာ ရှိတဲ့ အထင်ကရ သစ်တောကြီး တွေကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန က ဝန်ထမ်း တွေရယ်၊ သစ်တောဝန်ထမ်း တွေနဲ့ စည်ပင် ဝန်ထမ်းတွေ စုပေါင်းပြီး အိမ်ခြံမြေ အဖြစ် လုပ်ဆောင် နေတာကို ကျွန်တော် ကိုယ်တိုင် မျက်မြင် တွေ့ရှိ သိရှိ ခဲ့တာပါ။ ကာလ ကြာရှည်စွာ ထိန်းသိမ်း ထားတဲ့ အထင်ကရ သစ်တောကြီး တွေကို အခုလို ခုတ်ထွင် ရှင်းလင်းနေတာ တွေ့ရတော့ စိတ်မကောင်း ဖြစ်မိ ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ငွေမည်း လက်ဝယ် ကိုင်ဆောင် ထားသူတွေနဲ့ တရုတ်လူမျိုး တွေက အိမ်ခြံမြေဘက် လှည့်နေတာပါ။ သတိပြုသင့် ပါတယ်။ ဒီဘက်နယ်မှာ သစ်တောတွေကို ခုတ်ထွင် ရှင်းလင်း နေတာကို နေရာ တော်တော် များများမှာ တွေ့မြင် နေရပါတယ်။ ကျွန်တော် စုံစမ်း သိရှိရတာ ကတော့ အဲ့ဒီ တောကြီးကို ခုတ်ထွင် ရှင်းလင်းပြီး အိမ်ခြံမြေ ဖော်ဆောင် ချထားပေးဖို့ လုပ်နေတာလို့ သိရပါတယ် ... '' ဟု ပြောပြသည်။

လက်ရှိ ကယန်းကလေး ကျေးရွာ နှင့် သုံးမိုင်အကွာ ရှိ သစ်တောမြေကို ခုတ်ထွင် ရှင်းလင်းနေမှု နှင့် ပတ်သက်၍ ဆီဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး နှင့် သစ်တောဌာန တို့ကို ဆက်သွယ် မေးမြန်းခဲ့ရာ '' အသေးစိတ် ကိုတော့ မပြောနိုင် သေးပါဘူး။ တရားဝင် အထက်ကို တင်ပြပြီး ခုတ်ထွင် တာတော့ မဟုတ်ပါဘူး။ ဘာလုပ်မယ် ဆိုတာကိုတော့ ကျွန်မတို့ မသိပါဘူး။ ဖြေကြား ပေးနိုင်မယ့် တာဝန်ရှိသူက အခုလက်ရှိ ရုံးမှာ မရှိသေး ပါဘူး ... ''ဟု ဝန်ထမ်းတစ်ဦး က ပြန်လည် ဖြေကြား ခဲ့ကြောင်း သိရှိရသည်။

အတာ

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger