www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 5, 2014

ရန်ကုန်ဆေးရုံကြီးတွင် ကင်ဆာရောဂါ အခြေခံဆေးဝါး ၁၄ မျိုးအနက် ၉ မျိုးကို အခမဲ့ပေးပြီး ငွေကြေး မလုံလောက်သူများကို ဆေးရုံကြီး ရန်ပုံငွေမှ စိုက်ထုတ်ပေး လျက်ရှိ



ရန်ကုန် ၊ ၅-၉-၂၀၁၄

ရန်ကုန် ဆေးရုံကြီးတွင် ကင်ဆာရောဂါ အခြေခံ ဆေးဝါး ၁၄မျိုး အနက် ၉ မျိုးကို ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ မှ အခမဲ့ ဝန်ဆောင်မှု စတင်နေပြီး အမှန်တကယ် ငွေကြေး မလုံလောက် သူများကို ဆေးရုံကြီး ရန်ပုံငွေ မှ စိုက်ထုတ် ပေးမည် ဖြစ်ကြောင်း သိရသည်။

“'ကင်ဆာရောဂါ အတွက် အခြေခံ ဆေးဝါး ၁၄ မျိုးထဲက ကိုးမျိုးကို နိုင်ငံတော် က ကျခံ ပေးနေတယ်။ ကျန်နေတဲ့ ဆေး ငါးမျိုး ကိုတော့ လူနာက ဝယ်ရ လိမ့်မယ်။ ဒါပေမဲ့ စရိတ်မျှပေး အစီအစဉ် တွေလဲ ရှိပါတယ်။ တကယ်လို့ လူနာက သူဝယ်ရမယ့် ဆေးအတွက် ငွေမလုံလောက် ဘူးဆိုရင် သက်ဆိုင်ရာ ဆရာဝန် တွေရဲ့ထောက်ခံချက် နဲ့ ဆေးရုံ အုပ်ချုပ်တဲ့ သူတွေကို တင်ပြတယ်။ တကယ်လဲ သူက မတတ်နိုင်သူ မှန်ကန်တယ် ဆိုရင် ဆေးရုံ ရန်ပုံငွေ ထဲကနေ စိုက်ထုတ် ပေးမှာ ဖြစ်ပါတယ် ... ''ဟု ကင်ဆာရောဂါ ဝေဒနာရှင်များ အတွက် စရိတ်မျှပေး ကျန်းမာရေး စောင့်ရှောက်မှု ရှိနေသဖြင့် ဆေးဝယ်ယူရန် ငွေကြေး မလုံလောက်သူ များကို ဆေးရုံ ရန်ပုံငွေမှ စိုက်ထုတ် ပေးနေကြောင်း ရန်ကုန် ဆေးရုံကြီး၊ အရေးပေါ် ကုသဆောင် နှင့် ပြင်ပလူနာ ဌာနမှ သိရသည်။

ရန်ကုန် ဆေးရုံကြီးတွင် ကင်ဆာရောဂါ နှင့် ပတ်သက်ပြီး အခြေခံ ဆေးဝါး ၁၄ မျိုးထဲမှ ကိုးမျိုး ကိုသာ အခမဲ့ ပေးနိုင်ပြီး ကျန် အခြေခံ ဆေးဝါး ငါးမျိုးကို လူနာမှ ကျခံပေး ရကြောင်းလည်း သိရသည်။ ကင်ဆာ ဝေဒနာရှင် မှ အဆိုပါ ဆေးဝါး ငါးမျိုး ကို သောက်သုံးရန် လိုအပ်ပြီး ငွေကြေး အခက်အခဲ ရှိပါက သက်ဆိုင်ရာ ဆရာဝန် နှင့် ဆေးရုံ အုပ်ချုပ်သူ များ၏ ထောက်ခံချက် ဖြင့် ဆေးရုံရန်ပုံ ငွေထဲမှ စိုက်ထုတ် သုံးစွဲပေးလျက် ရှိသည်ဟု သိရသည်။ ရန်ကုန် ဆေးရုံကြီးသို့ လာရောက် ကုသသည့် ကင်ဆာ ဝေဒနာရှင် များထဲမှ ဖြစ်ပွားမှု များသည့် ကင်ဆာရောဂါ များသည် ရင်သား ကင်ဆာ၊ သားအိမ် ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသည်း ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ အူမကြီး ကင်ဆာ တို့မှာ အများဆုံး ဖြစ်၍ ထို ကင်ဆာရောဂါ များအတွက် အခြေခံ ဆေးဝါး များ ဝန်ဆောင်မှု ပေးနေကြောင်း၊ ကင်ဆာရောဂါ အခြေခံ ဆေးဝါး ကိုးမျိုး ကို၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ မှ အခမဲ့ ဝန်ဆောင်မှု စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ကျော်လွင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger