www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 23, 2014

မူကြိုဆရာမများကို နိုင်ငံ့ဝန်ထမ်းအဖြစ် ၂၀၁၅-၂၀၁၆ ခုနှစ်မှစ၍ အသိအမှတ်ပြု ခန့်အပ်မည်


ရန်ကုန် ၊ ၂၃-၉-၂၀၁၄

မူကြိုဆရာမ များကို နိုင်ငံ့ဝန်ထမ်း အဖြစ် ၂ဝ၁၅- ၂ဝ၁၆ ခုနှစ်မှ စတင်၍ အသိအမှတ်ပြု ခန့်အပ်ရာတွင် မူကြို သင်တန်းဆင်း ဆရာမ များကို အဆင့်လိုက် ရာထူးလစာများ ပေး၍ ခန့်အပ်မည် ဖြစ်ပြီး ယခုလက်ရှိ တာဝန်ထမ်း ဆောင် နေသော ဆရာမ များကို ဦးစားပေး အနေဖြင့် ခန့်ထားမည် ဖြစ်ကြောင်း မူကြို ပညာရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့မှ သိရသည်။

မူကြိုဆရာမ များကို နိုင်ငံ့ဝန်ထမ်း အဖြစ် ခန့်အပ်ရာတွင် မူလက သင်ပေးခဲ့သော မူကြိုဆရာမ များသည် အဋ္ဌမတန်းအောင် များနှင့် ဘွဲ့မရရှိ သေးသောသူများ ပါဝင်သည့် အတွက် ၄င်းတို့ကို ဦးစားပေး၍ ခန့်အပ်သွားမည် ဖြစ်ပြီး အသစ် ခန့်မည့် သူများကို မူကြိုပြ လက်မှတ် နှင့် မူကြိုဘွဲ့ ရရှိသူများကို သာ ခန့်အပ် သွားမည် ဖြစ်ကြောင်း မူကြို ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ မူကြိုပညာရေး နှင့် ပတ်သက်၍ မူကြိုပညာရေး မူဝါဒများ အနက် အချက် ငါးချက်ကို ၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ် မှစတင်၍ အကောင် အထည်ဖော်ရန် မေ ၂၇ ရက်က ပညာရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံးများသို့ နိုင်ငံတော် သမ္မတရုံး မှ ညွှန်ကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက် ငါးချက်တွင် ကျောင်း အခြေပြု မူကြိုများ၌ တာဝန်ယူ၍ သင်ကြား ပေးနေသော ဆရာမများအား နိုင်ငံ့ဝန်ထမ်း အဖြစ် အသိအမှတ် ပြု၍ အရည်အသွေး မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးရန်ဟူသော အချက်ပါဝင် ကြောင်း သိရသည်။ ထို့အပြင် အခြေခံပညာ ကျောင်းများ၌ ဖွင့်လှစ် ထားသော ကျောင်း အခြေပြု မူကြိုပေါင်း ၃၃ဝဝ ရှိပြီး မူကြိုဆရာမ ၈ဝဝဝ ရှိကြောင်း သိရသည်။

အခြေခံပညာ ကျောင်းများ၌ မူကြိုများ ဖွင့်လှစ်ခွင့်ကို ပညာရေး ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားပြီး သင်ပြမည့် ဆရာမများကို ကျောင်းမှ ဆရာမ များဖြစ်စေ၊ အခြားသော ဘွဲ့ရနှင့် တက္ကသိုလ် ဝင်တန်းအောင် သူများကို ဖြစ်စေ ရပ်ရွာ၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ငှားရမ်း၍ သင်ကြားမှုများ ပြုလုပ် နေကြောင်း သိရသည်။

ဆုလာဘ်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger