www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 19, 2014

KIA (ကချင်) အဖွဲ့၏ အဓမ္မ လူသစ်စုဆောင်းမှုကြောင့် ဒေသခံ ရွာသူရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်


နေပြည်တော် ၊ ၁၉-၈-၂၀၁၄

KIA (ကချင်) အဖွဲ့မှ အင်အားစု များသည် လက်နက်များ ကိုယ်စီ ကိုင်ဆောင်၍ သြဂုတ် ၈ ရက် နှင့် ၉ ရက်နေ့ များတွင် မိုးမိတ်မြို့နယ် ခချယ်ကျေးရွာ သို့ ဝင်ရောက် ခဲ့ပြီး ဒေသခံ ရွာသားများအား အတင်းအဓမ္မ လူသစ် စုဆောင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ၄င်းကျေးရွာမှ ရွာသူ၊ ရွာသားများသည် လူသစ် စုဆောင်းမှု မခံရစေရေး အတွက် ထွက်ပြေး တိမ်းရှောင်လျက် ရှိရာ သြဂုတ် ၁ဝ ရက်မှ ၁၃ ရက်အထိ ခချယ်ကျေးရွာ မှ အမျိုးသား ၁၃၈ ဦး၊ အမျိုးသမီး ၁၈၄ ဦး၊ စုစုပေါင်း ၃၂၂ ဦး တို့သည် မိုးလိုကျေးရွာ သို့ ရောက်ရှိ နေထိုင်လျက် ရှိသည်။

အဆိုပါ ထွက်ပြေး တိမ်းရှောင် လာသူများ ခေတ္တ နေထိုင်လျက် ရှိသော မိုးလိုကျေးရွာ ဘုန်းကြီးကျောင်း သို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်နိုင်ဝင်း နှင့် တာဝန်ရှိ သူများ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ဆရာဝန်များ စသည့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ နှင့် လီဆူးစာပေ နှင့် ယဉ်ကျေးမှု အဖွဲ့မှ တာဝန်ရှိ သူများက သြဂုတ် ၁၄ ရက် မွန်းလွဲပိုင်းက စားသောက် ဖွယ်ရာများ၊ အဝတ်အထည် နှင့် အသုံးအဆောင် ပစ္စည်းများအား ပေးအပ် လှူဒါန်းကြပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က လိုအပ်သော ဆေးဝါး ကုသပေးခြင်း များ ဆောင်ရွက် ပေးသည်။

ထိုသို့ စားသောက်ဖွယ်ရာ၊ အဝတ်အထည် နှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ် လှူဒါန်းရာတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် မိုးမိတ် တပ်နယ်မှ စုစုပေါင်း ငွေကျပ် ၂၁၅၅ဝဝဝ တန်ဖိုးရှိ ဆန်အိတ် ၅ဝ၊ ဆီ ပိဿာ ၆ဝ၊ ဆားထုပ် ၁ဝဝ၊ ခေါက်ဆွဲခြောက် ဖာ ၅ဝ၊ နို့ဆီဘူး ၂ဝ ဖာ၊ ဆပ်ပြာမှုန့် ၁ဝဝ ထုပ်၊ ငါးဘူး ၁ဝ ဖာ၊ ဝက်ဘူး ၁ ဖာ၊ အာလူး ၁၆၅ ပိဿာ၊ ကြက်သွန်နီ ၄ဝ ပိဿာ၊ ကော်ဖီမစ် အထုပ်ကြီး ၁ဝ ထုပ်၊ ကွေကာအုပ် အထုပ်ကြီး ၁ဝ ထုပ်၊ ငါးခြောက် ၁၁ ပိဿာ၊ ငါးပိ ၆ဝ ထုပ်၊ အသားတု ၁ဝ ပိဿာ၊ စောင်ပါး အထည် ၆ဝ တို့ကိုလည်း ကောင်း၊ မိုးမိတ်မြို့ ဌာနဆိုင်ရာများ မှ စုစုပေါင်းငွေကျပ် ၁၁၁၂ဝဝဝ တန်ဖိုးရှိ ဆန် ၂၂ အိတ်၊ ဒယ်အိုး ကြီး ၁ဝ လုံး၊ စတီးဇွန်း ၁၅ဝဝ ချောင်း၊ ကော်ပန်းကန်ပြား ၃ဝဝ ချပ် တို့ကို လည်းကောင်း အသီးသီး ပေးအပ် လှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger