www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 28, 2014

နည်းပညာများ တိုးတက်လာခြင်းကြောင့် လူအများ၏ အိုင်ကျူရမှတ်များ လျော့ကျလာ



နည်းပညာများ တိုးတက်လာခြင်းကြောင့် လူအများ၏ အိုင်ကျူရမှတ်များ လျော့ကျလာ

သိပ္ပဟန်

နည်းပညာ ပို၍ တိုးတက် လာသည်နှင့် အမျှ လူတို့ ဉာဏ်ရည် လျော့ကျ လာကြောင်း သိပ္ပံပညာရှင် များက သတိပေး ခဲ့သည်။

သက်သေ အထောက်အထား များအရ ဗြိတိန်၊ ဒိန်းမတ် နှင့် သြစတြေးလျ နိုင်ငံတို့မှ လူအများ ၏ အိုင်ကျူသည် လွန်ခဲ့သော ဆယ်စုနှစ် အတွင်း လျော့ကျ လာခဲ့ကြောင်း ဆိုကြ သော်လည်း အချို့ သုတေသီများက ဆန့်ကျင်ဘက် ဖြစ်သော အမြင်ဖြင့် လူသည် အသိဉာဏ် ပိုင်းတွင် အထွတ်အထိပ် သို့ ရောက်ရှိ ခဲ့ပြီဟု ယုံကြည် ယူဆ ထားသည်။

ဒိန်းမတ်လူမျိုး ယောက်ျားလေးများ စစ်တပ်ထဲတွင် တာဝန် ထမ်းဆောင်ရန် သင့်လျော်မှု ရှိ၊ မရှိ IQ Test စမ်းသပ်မှုလုပ်ပြီး ဆုံးဖြတ်လေ့ ရှိရာ ၁၉၉၈ ခုနှစ် ကတည်းက ယောက်ျားလေး များ၏ အိုင်ကျူ ရမှတ်များ သည် ၁ ဒသမ ၅ မှတ်သို့ ကျဆင်း လာခဲ့ကြောင်း သိရသည်။ ဗြိတိန်နှင့် သြစတြေးလျ တို့တွင် အိုင်ကျူ ရမှတ်များကို စံထား၍ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ ရာတွင်လည်း ဒိန်းမတ်မှ ရလဒ်မျိုးနှင့် အလားတူ နေကြောင်း သိရသည်။

အဘယ်ကြောင့် လူများ အသိ ဉာဏ်ရည်များ လျော့ကျ လာရသနည်း ဟူသော အကြောင်း အရင်းကို ရှာကြည့်သော အခါ လူတို့၏ အသိဉာဏ်သည် အထွတ်အထိပ် သို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်၍သာဟု အဖြေထွက် ခဲ့သည်။

၁၉၃ဝ ပြည့်နှစ်နှင့် ၁၉၈ဝ ပြည့်နှစ်များ ကြားတွင် အမေရိကန် ပြည်ထောင်စု၏ ပျမ်းမျှ အိုင်ကျူ အမှတ်မှာ ၃ မှတ်အထိ တက်လာ ခဲ့သလို ဒုတိယ ကမ္ဘာစစ်ကြီး အလွန် ဂျပန် နှင့် ဒိန်းမတ် တို့တွင်လည်း အိုင်ကျူ တက်ခဲ့သည်။

ဤသို့ အသိဉာဏ် တိုးတက် လာမှုသည် လူသားများ၏ လိုအပ်သော အာဟာရ ဓာတ်များ ပြည့်စုံ ကောင်းမွန် လာခြင်း၊ နေထိုင်မှု အခြေအနေ ကောင်းမွန် လာခြင်း၊ ပညာရေး ကောင်းမွန် လာခြင်း တို့ကြောင့် ဖြစ်ရသည်ဟု
University of Otago မှ James Flynn က ပြောသည်။ အဆိုပါ လူများတွင် အိုင်ကျူ ရမှတ်များ လျော့ကျလာခြင်း ဖြစ်စဉ်ကို ၄င်း၏ အမည်ပေးကာ Flynn Effect ဟု ခေါ်သည်။

ဤသို့ ဖြစ်ရသည့် အကြောင်းအရင်း ကို ရှာကြည့်ရာတွင် ဉာဏ်ရည် ရှိသော အမျိုးသမီး များသည် ဉာဏ်ရည် နည်းသော အမျိုးသမီး များထက် ကလေးလျှော့ယူ ကြသည်မှာ အိုင်ကျူမှတ်များ လျော့ရခြင်း၏ အကြောင်း တစ်ရပ် ဖြစ်နိုင်သည်ဟု သိရသည်။ ''အဘယ်ကြောင့် ဆိုလျှင် မိန်းကလေး တစ်ယောက်ရဲ့ အိုင်ကျူရမှတ် များနဲ့ သားမွေး နိုင်တဲ့ အရည်အချင်း ဆက်စပ်မှု ရှိနေသည်'' ဟု ဒေါက်တာ Nijenhuis က Huffington Post သတင်း
စာတွင် ဖော်ပြခဲ့သည်။

ဒေါက်တာ Nijenhuis သည် ၁၈၈၄ ခုနှစ်နှင့် ၂ဝဝ၄ ခုနှစ်အကြား ဉာဏ်ရည်၊ ဉာဏ်သွေး လေ့လာမှု ၁၄ ခုပြုလုပ်ခဲ့ပြီး ရလဒ်ကို နိဂုံးချုပ် ကောက်ချက်ဆွဲ ခဲ့သည်။ လေ့လာမှု တစ်ခုချင်းသည် လူများ၏ တုံ့ပြန်ချိန်ကို တိုင်းတာ ကြည့်သည်။ ဥပမာ မီးခလုတ်ကို မည်မျှမြန်မြန် နှိပ်သည် ဆိုသော အချိန်ကို တိုင်းတာ လေ့လာခြင်း ဖြစ်သည်။ ယင်း တုံ့ပြန်ချိန်သည် စိတ်ပိုင်း အလုပ်ချိန် အမြန်နှုန်း ဖြစ်၍ ဉာဏ်ရည်၊ ဉာဏ်သွေးကို ရောင်ပြန်ဟပ် သည်ဟု သိရသည်။ ၁၉ ရာစု ခေတ် နောက်ပိုင်းတွင် မြန်ဆန်စွာ တုံ့ပြန်ချိန် သည် ပျမ်းမျှ ၁၉၄ မီလီစက္ကန့် ရှိခဲ့ကြောင်း နှင့် ၂ဝဝ၄ ခုနှစ်တွင် တုံ့ပြန်ချိန် သည် ၂၇၅ မီလီ စက္ကန့်အထိ ပိုကြာ လာကြောင်း တွေ့ရသည်။

အဓိပ္ပာယ်မှာ လူများ အသိဉာဏ်ရည် လျော့ကျ လာခြင်းကို ပြခြင်း ဖြစ်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် လူသားများ အိုင်ကျူ ရမှတ်များ လျော့ကျလာခြင်း ဖြစ်စဉ်ဖြစ်သော Flynn Effect နိဂုံးချုပ်ရန် စတင်နေပြီဟု ပညာ
ရှင်များက ယုံကြည်ထား ကြသည်။ ပညာရေး ကောင်းမွန်မှုက လူသားများ အိုင်ကျူ ရမှတ်များ လျော့ကျ လာခြင်းကို ပြောင်းပြန်လှန် နိုင်သည်ဟု ဒေါက်တာ Flynn က ယူဆသည်။

ပညာတတ် များသည် ကလေး အနည်းငယ်သာ ယူကြပြီး အသိဉာဏ် နိမ့်သူများက များများ ယူကြသည်။ University of Ulster မှ စိတ်ပညာရှင် Richard Lynn က ၁၉၅ဝ ပြည့်နှစ်က ကမ္ဘာ့ပျမ်းမျှ အိုင်ကျူထက် ၂ဝဝဝ ပြည့်နှစ်တွင် အိုင်ကျူ တစ်မှတ် လျော့ကျ သွားသည်ဟု ပြောသည်။ 

ပညာဉာဏ် လျင်မြန်သူ များက မြန်ဆန်စွာ တုံ့ပြန်ကြ၍ ယခု ရာစုခေတ် တစ်လျှောက်လုံး လူများ၏ တုံ့ပြန်ချိန် နှေးကွေး ခဲ့ကြောင်း ဆယ်စုနှစ် တစ်စုလျှင် အိုင်ကျူ တစ်မှတ်နှုန်း လျော့ကျ လာသည်ဟု ဒေါက်တာ Woodley ၏လေ့လာချက်အရ သိရ သည်။ ယင်းအပြင် ဒေါက်တာ Flynn က အိုင်ကျူ ကျလာသည် ဆိုလျှင် Flynn Effect ပြီးဆုံးသွားပြီး လူများပို၍ တုံးလာလေ၊ ကျန်းမာရေး စောင့်ရှောက်မှု ပိုကောင်း လာလေ နည်းပညာက လူများ ကလေး လျှော့ယူကာ ပြဿနာများ သူ့ဘာသာ ပြေလည်သွား မည်ဟု ဆိုသည်။

၂ဝဝ၈ ခုနှစ် ဉာဏ်ကောင်းသော ဆယ်ကျော်သက် များကို စမ်းသပ် ကြည့်ရာတွင် ၄င်းတို့ထက် ၂၈ နှစ်စောသော ဆယ်ကျော်သက် များထက် အိုင်ကျူ ၆ မှတ်လျော့နည်း နေကြောင်း သိရသည်။ ယခုခေတ် လူငယ် များသည် ယခင်ကလို စာဖတ်ခြင်းများ လျော့နည်း လာကာ ကွန်ပျူတာ ဂိမ်းများ ကိုသာ ပိုမို အားစိုက်ပြီး ကစား နေကြသည်ကို တွေ့နေကြ ရကြောင်း၊ ယင်းသည်လည်း အိုင်ကျူ ရမှတ်များ လျော့ကျ လာခြင်း၏ အကြောင်း တစ်ရပ် ဖြစ်သည်ကို သိရှိ နိုင်ပါရန် တင်ပြ လိုက်ရ ပါသည်။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger